မာတီမီဒီယာ

လူ့အခွင့်အရေးပညာပေးသူတွေနဲ့ သင်တန်းနည်းပြတွေ မသိမဖြစ်လေ့လာသိရှိထားရမဲ့ ပို့ချခြင်း အတတ်ပညာအကြောင်းကို ရှင်းလင်းပို့ချပေးထားတဲ့  ဗီဒီယိုဖိုင်လေး တင်ပေးလိုက်ပါတယ်။

လူ့အခွင့်အရေးပညာပေးသူ(သို့) နည်းပြကောင်း တစ်ယောက်၊ စေ့စပ်ဆော်သြသူ(Facilitator) ကောင်း တစ်ယောက်တွင် ရှိရမဲ့ အရည်အချင်း၊ သတိထား ဂရုပြုရမဲ့အချက်တွေကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့  အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုယ်တိုင် ရှင်းလင်း တင်ပြ ပေးထားပါတယ်။

သင်တန်းနည်းပြမဟုတ်ပေမဲ့ အစည်းအဝေးတွေ၊ ရပ်ရေး၊ ရွာရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ဆွေးနွေးပေး နေသူတွေအဖို့လည်း  လေ့လာထားရင် အကျိုးရှိစေမယ့် ဗီဒီယိုဖိုင်လေးပါ။

အိမ်မှာနေပြီး မိမိတို့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်ပါတယ်။

နောက်ရက်တွေမှာလည်း ပညာပေးဗီဒီယိုဖိုင်လေးတွေကို ထပ်ပြီး တင်ပေးသွားပါအုံးမယ်ဆိုတဲ့ သတင်းကောင်းလေးပါ တစ်ခါတည်း ပါးလိုက်ပါတယ်နော်…

ကိုဗစ်ကာလအတွင်း အိမ်မှာနေတဲ့အခါမှာ ကလေးတွေကို ဘယ်လိုမျိုး ပြုစုပျိုးထောင်သင့်သလဲဆိုတဲ့ အချက်ကို အဓိက တင်ပြပေးထားပါတယ်။

 

ကိုဗစ်(Covid-19) ကပ်ရောဂါကာလအတွင်းမှာ နောက်ဆက်တွဲ ပြဿနာတွေထဲက အကြောင်းအရာတစ်ခုဖြစ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အဲဒီထဲကမှ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ အကြောင်းအရာကို ဆက်စပ်ပြီးတော့ ဆွေးနွေးပေးထားပါတယ်။

အမုန်းစကားအကြောင်းကို DVB ရုပ်သံ သတင်းဌာနနဲ့ ညီမျှခြင်းမြန်မာအဖွဲ့တို့ ပူးပေါင်း ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ လူတစ်ဦးနဲ့တစ်ဦး၊ အုပ်စုတစ်စုနဲ့တစ်စုအကြား တိုက်ခိုက် ရေးသား နေခြင်းအပြင် ဘယ်လိုစကား၊ ဘယ်လိုပြောဆိုမှု၊ ဘယ်လိုရေးသားမှုတွေက အမုန်းစကားပြောဆိုမှုကို ဖြစ်စေနေသလဲဆိုတာ သိရှိပြီး အမုန်းစကားမပြန့်ပွားလာစေအောင် မိမိကိုယ်တိုင်ကစပြီး လုပ်ဆောင် တတ်လာစေရန် ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

ဒီပညာပေးအစီအစဉ်ကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး ညှိနှိုင်းရေးမှူး မတိုးတိုးမြင့်၊ မေနိုခိုင်၊ နှင်းသီတာလှိုင်၊ ထူးဝဏ္ဏရှိန်နဲ့ သွန်းဆက်ပိုင်တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်က Covid-19 နဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်သူများရဲ့ ကျင့်ဝတ်(၁၀)ချက်ကို ရှင်းပြပေးခဲ့အပြီးမှာတော့ တရားဥပဒေစိုးမိုးရေးအတွက် အမိန့်တွေကို ထုတ်ပြန်တဲ့အစိုးရမှာလည်း တာဝန်ရှိတဲ့အကြောင်းနဲ့ တရားဥပဒေ စိုးမိုးရေးကို  ဝိုင်းဝန်းပြီးတော့ ကူညီကြမဲ့ ပြည်သူလူထုကလည်း တာဝန်ရှိတယ်ဆိုတဲ့အကြာင်းလေးကို ရှင်းပြပေးထားပါတယ်။

Covid-19 ကပ်ရောဂါကို ကာကွယ်ဖို့၊ တွန်းလှန်ဖို့ လုပ်ဆောင်တဲ့အချိန်မှာ လိုအပ်သော ဥပဒေနဲ့ အမိန့်ကြေညာစာတွေ ထုတ်ပြန်ပြီးတော့ ကန့်သတ်မှု လုပ်ဆောင်တာတွေ ရှိတတ်ပါတယ်။ နိုင်ငံတကာဥပဒေတွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းမှာပဲ ကြည့်ကြည့် လိုအပ်လာလို့ရှိရင် တချို့သော အရေးပေါ်အခြေအနေမျိုးမှာ တချို့သော အခွင့်အရေးများကို ဆိုင်းငံ့ထားလို့ ရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုနဲ့ မေးစရာ မေးခွန်းတစ်ခုတော့ ရှိလာပါတယ်။ ကဲ..ဘာတွေက စိုးရမ်းစရာဖြစ်စေသလဲ ဆိုတာကို ဗွီဒီယိုလေးကို ကြည့်လိုက်ကြရအောင်နော်…

Covid-19 ရောဂါနဲ့ လူ့အခွင့်အရေး ဘယ်လိုဆက်စပ်နေသလဲ။ လူ့အခွင့်အရေးထဲက ကျန်းမာရေးရရှိခွင့်ဆိုတဲ့ အကြောင်းအရာနဲ့ အဓိက သတင်းများရရှိခွင့်ဆိုတဲ့ အကြောင်းအရာကို ဦးစားပေး ဆွေးနွေးပေးထားပါတယ်။

ကိုဗစ် တိုက်ဖျက်ခြင်းနှင့်ပတ်သက်ပြီးတော့  ခွဲခြားဆက်ဆံမှုတွေ ဘယ်လိုမျိုးရှိနိုင်သလဲ ဆိုတဲ့အကြောင်းအရာကို တင်ပြပေးထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 တိုက်ဖျက်ရေး ကာကွယ်ရေးလုပ်ငန်းတွေမှာ မြန်မာ နိုင်ငံရဲ့ ဒေသအသီးသီးမှာရှိတဲ့ LGBT တွေကလည်း စေတနာဝန်ထမ်းအဖြစ် နိုင်ငံရဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေကြပါတယ်။

ဒါဟာ LGBT တွေရဲ့ လူသားချင်းစာနာပြီး ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့် COVID-19 တိုက်ဖျက်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်အားပေးနေကြတဲ့ အနယ်နယ်အရပ်ရပ်က LGBT အဖွဲ့အစည်းတွေနဲ့ LGBT တစ်ဦးချင်းဆီကို ဒီဗီဒီယိုလေးနဲ့ မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။

https://web.facebook.com/ColorsRainbowYangon/videos/1081133128917913/?t=0