မာတီမီဒီယာ

လူထုစည်းရုံးရေးမှူး(Community Organizer) တစ်ဉီး၏ အကြောင်းရိုက်ကူးတင်ဆက်ထားသည့် မှတ်တမ်းဗွီဒီယိုလေး တင်ပေးလိုက်ပါသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အချိန်မှာ ကိုယ့်မှာဘာအခွင့်အရေးတွေရှိသလဲ ဆိုတာကို ရှင်းပြပေးထားပါတယ်။

လူတစ်ယောက်က ဖမ်းဆီးခံရချိန် ရသင့်သော အခွင့်အရေးများအကြောင်းကို DVB ရုပ်သံ သတင်းဌာနနဲ့ ညီမျှခြင်းမြန်မာအဖွဲ့တို့ ပူးပေါင်း ထုတ်လွှင့်ပေးနေပါတယ်။

ကိုဗစ်ရောဂါဆိုးဝါးနေတဲ့ကာလအတွင်းမှာ LGBT လို့ခေါ်တဲ့ လိင်စိတ်ကွဲပြားတဲ့သူတွေအနေနဲ့ လူမှုဆက်ဆံရေး(Social relation)တွေကို ဘယ်လိုမျိုး တည်ဆောက်မလဲ။

ဘာတွေသတိထားသင့်သလဲဆိုတဲ့အချက်တွေကို အဓိကထား တင်ပြပေးထားပါတယ်။

ဗွီဒီယိုများ အသုံးပြုခြင်း သင်ခန်းစာ

မင်္ဂလာပါ

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စာသင်ကြားရေးမှာလည်း ဆရာက မြေဖြူ၊ ကျောက်သင်ပုန်း၊ စာအုပ်နဲ့ ရေးပြ၊ ဖတ်ပြတာကိုပဲ နားထောင်ပြီးလေ့လာရတဲ့ ခေတ်မဟုတ်တော့ပါဘူး။

သင်ကြားမှုအပိုင်းမှာလည်း တပည့်တွေ၊ လေ့လာသူတွေက ပိုမိုစိတ်ဝင်စားမှုရှိလာအောင်၊ သင်ခန်းစာ၊ လေ့လာမှုတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်တတ်လာအောင် ဖြစ်ရပ်မှန် ဇာတ်လမ်း၊ ဗွီဒီယိုမှတ်တမ်းတွေကို ပြသပြီးသင်ကြားလာနေကြပါပြီ။

ဒါကတော့ သင်ထောက်ကူနည်းမျိုးစုံရှိတဲ့အထဲက ဗွီဒီယိုတွေကို သင်ထောက်ကူအဖြစ်သုံးတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။

ဗွီဒီယိုကို သင်ထောက်ကူအဖြစ်အသုံးပြုမယ်ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ရမလဲ။ ဖျော်ဖြေရေးဘက်ရောက်မသွားအောင် ဘယ်လိုသတိထားရမလဲ၊ သင်ခန်းစာနဲ့ချိတ်ဆက်အောင် ဘယ်လို လမ်းကြောင်းပေးရမလဲ ဆိုတဲ့အကြောင်းကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းပေထားတဲ့ ဗွီဒီယိုလေး ထပ်တင်ပေးလိုက်ပါတယ်နော်။

လိင်စိတ်သဘောကွဲပြားသောသူတွေကလဲ လူတွေထဲကလူ၊ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကိုဗစ်နဲ့ဆိုင်တဲ့ ကျန်းမာရေးအကူအညီ၊ သတင်းအချက်အလက် ရရှိခွင့်တွေမှာ ခွဲခြာမှုမရှိပဲ တန်းတူရရှိရမှာဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရာမှာ ခွဲခြားခြင်း မရှိစေရဘူး။

LGBTIQ တွေကကော ဒီကာလမှာ ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဘယ်လို သွားလာနေထိုင်ရမလဲ၊ သတိထားရမလဲ ဆိုတဲ့အကြောင်းကို ရှင်းလင်းပြောပြပေးထားတဲ့ ဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။

အစည်းအဝေး ဆွေးနွေးဝိုင်းတွေ၊ သင်တန်းတွေကို ပိုပြီး ထိရောက်အောင်၊ အစည်းအဝေး တက်ရောက်သူတွေ(သို့မဟုတ်) ပါဝင်သူတွေအားလုံး ပြောဆိုဆွေးနွေးနိုင်အောင် ဘယ်လိုဦးဆောင် စီမံမလဲဆိုတဲ့ ဗွီဒီယိုကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့တင်မဲ့ ဗွီဒီယိုလေးမှာတော့ လူအများနဲ့ပြုလုပ်တဲ့ အစည်းအဝေး ကြီးကြီး(သို့မဟုတ်) သင်တန်းတွေကို အတန်းလိုက်ထိုင်စေပြီး ဆွေးနွေးစေတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ပဲ အားလုံး တစ်ယောက်နဲ့ တစ်ယောက်မြင်နိုင်အောင် ဝိုင်းဖွဲ့ထိုင်ကာ ဆွေးနွေးစေတဲ့အကြောင်း၊ ဒီထက်ပိုပြီး အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်အောင် အုပ်စုငယ်လေးတွေ ထပ်ခွဲပြီး ဆွေးနွေးစေရတဲ့ အကြောင်းကို ရှင်းလင်းပေးထားပါတယ်။

တစ်ဦးတစ်ယောက်ကပဲ ပြောဆိုသွားတာမျိုးမဖြစ်အောင်၊ အုပ်စုမှာ ပါဝင်တဲ့သူတွေ အားလုံးရဲ့ အမြင်တွေ၊ အသံတွေ ပါဝင်ဆွေးနွေး လာအောင် ဘယ်လိုအုပ်စုဖွဲ့ပေးရမလဲ၊ သတိထား လုပ်ဆောင်ရမလဲ ဆိုတဲ့ အချက်တွေကို ဆရာဦးအောင်မျိုးမင်းက တင်ပြပေးထား ပါတယ်နော်။

လူတွေကပြောပါလိမ့်မယ် မေးခွန်းမေးတာ ဘာခက်လို့လဲပေါ့။

တကယ်တမ်းကိုယ်သွားချင်တဲ့ ခေါင်းစဉ်ကို ရောက်အောင်သွားနိုင်ဖို့၊ အဆင့်ဆင့်သွားနိုင်ဖို့၊ လူတွေရဲ့ ခံယူချက်၊ အတွေးအခေါ်တွေကို မြင်ဖို့အတွက်က မေးခွန်းမေးခြင်း အတတ်ပညာဟာ လွယ်မလိုနဲ့ ခက်ခဲပါတယ်။

ဒါဆို ဘယ်လိုမေးရသလဲဆိုတာ သိချင်ရင်တော့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုယ်တိုင် ရှင်းလင်းတင်ပြပေး ထားတဲ့ ဗွီဒီယိုလေးကို အတူလေ့လိုက်ကြရအောင်နော်….

 

ကိုဗစ်ရောဂါပြန့်ပွားနေတဲ့ကာလအတွင်း ကလေးတွေရဲ့အခွင့်အရေး ဘာတွေထိခိုက်သွားနိုင်သလဲ။ ဒါတွေကြောင့်မို့လို့ အစိုးရတွေနဲ့ မိဘပြည်သူတွေက ဘာလုပ်သင့်သလဲဆိုတဲ့ အကြောင်းအရာကို တင်ပြပေးထားပါတယ်။