ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ သင်ရိုးညွှန်းတမ်း

လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသော Equality Myanmar (EQMM) သည် လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးစံနှုန်းများ ထွန်းကားလာစေရန်နှင့် တန်းတူ ညီမျှမှုကို ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။

ဤသင်ရိုးညွှန်းတမ်းကို ရေးသားထုတ်ဝေရခြင်းမှာ ကလေးများနှင့် လူငယ်များအကြား မိမိ တို့၏ အခွင့်အရေးများကို သိရှိနားလည်ရုံသာမက၊ လက်တွေ့ဘဝတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ကိုယ်တိုင်ဦးဆောင်၍ ဖော်ဆောင်နိုင်စေရန် ဖြစ်ပါသည်။

ဤလက်စွဲစာအုပ်သည် သင်တန်းသားများအတွက် လက်တွေ့ကျသော လေ့ကျင့်ခန်းများနှင့်လမ်းညွှန်ချက်များကို ပံ့ပိုးပေးခြင်းဖြင့် အခွင့်အရေးကို အခြေခံသော လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။

https://equalitymyanmar.org/mm/wp-content/uploads/2026/06/EQMM_Child-and-Armed-Conflict-Module2026-compressed-2.pdf