ခွဲခြားဆက်ဆံမှုမပြုခြင်း

“Non-Discrimination (ခွဲခြားဆက်ဆံမှုမပြုခြင်း) ဆိုတာ လူမှုရေးဆိုင်ရာ လိုက်နာရမယ့် ကျင့်၀တ်လည်းဟုတ်သလို နိုင်ငံတကာဥပဒေတွေထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ အရေးကြီးတဲ့ မူတစ်ခုလည်း ဖြစ်ပါတယ်။
Universal Declaration of Human Rights (UDHR) အပိုဒ် ၂ မှာ ‘လူတိုင်းသည် အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား ခွဲခြားမှုမရှိဘဲ တန်းတူခံစားခွင့်ရှိသည်’ လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ခွဲခြားမှုမပြုခြင်းဟာ လူ့အခွင့်အရေးရဲ့ အရေးကြီးတဲ့အခြေခံမူဖြစ်ပါတယ်။