လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ကာကွယ်ရေးရန်ပုံငွေ အရေးပေါ်ကူညီ ထောက်ပံ့ပေးခြင်းအစီအစဥ်။

မင်္ဂလာပါလို့ ညီမျှခြင်းမြန်မာက နှုတ်ခွန်းဆက်သလိုက်ပါသည်။

📣လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ကာကွယ်ရေးရန်ပုံငွေ အရေးပေါ်ကူညီ ထောက်ပံ့ပေးခြင်းအစီအစဥ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကာလအလွန် အကြောင်းအမျိုးအမျိုးကြောင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများသည် လူ့အခွင့်အရေးချိုးဖောက်ခံရပြီး အခက်အခဲများနှင့် ကြုံတွေ့နေရတဲ့သူတွေ များစွာရှိနေပါသည်။

အဆိုပါသူများကို ညီမျှခြင်းမြန်မာအဖွဲ့အစည်းအနေဖြင့် အရေးပေါ်ကူညီ ထောက်ပံ့ပေးခြင်းများကို ၂၀၂၁ ခုနှစ်မှစ၍ ယခုချိန်ထိ ထောက်ပံ့ပေးလျှက်ရှိပါသည်။

ယခုလတွင်လဲ အမှန်တကယ် အခက်ခဲဖြစ်နေတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ (၂၀) ဦးကို စီစစ်ရွေးချယ်ပြီး ပထမအကြိမ်ပေးဆောင် သွားမှာ ဖြစ်ပါသည်။

👉ထို့ကြောင့် ယခုအစီအစဥ်ကို လက်လွတ်မခံပဲ လျှောက်ထားကြဖို့ အသိ ပေးနှိုးဆော်အပ်ပါသည်။

စာရင်းသွင်းလျှောက်ရမည့် ဖောင်။ 👉https://forms.gle/sT3pAEwtFb8derXF7

❗️ဖောင်မှာဖြည့်စွက်ရမည့် အချက်အလက်များကို သေချာစာရင်းသွင်းဖြည့်ပေးဖို့ အထူးတိုက်တွန်းအပ်ပါသည်။

✅စာရင်းသွင်းလျှောက်ထားရက်။ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့။

✅လျှောက်လွှာစာရင်းပိတ်ရက်။ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့

မြန်မာစံတော်ချိန် ညနေ (၅) နာရီထိ လျှောက်ထားနိုင်ပါသည်။

❗️လျှောက်လွှာပိတ်ချိန် ကျော်လွန်ပြီးမှ လျှောက်ထားသူများကို လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။

🎉ရွေးချယ်ခံရသူများကို ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင်ပြန်လည်အကြောင်းကြား ပေးမည်ဖြစ်ပါသည်။