နိုင်ငံတကာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အတွေ့အကြုံဖလှယ်ခြင်း အစည်းအဝေး ကျင်းပပြီးစီးခြင်း

ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးဆောင်၍ ဖိလစ်ပိုင်၊ နီပေါ နှင့် မြန်မာနိုင်ငံများမှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ (Human Rights Defenders) တက်ရောက်သည့် (၁) ရက်တာ အတွေ့အကြုံဖလှယ်ခြင်း အစည်းအဝေးကို အွန်လိုင်းမှတဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံအလိုက် ကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများ၊ လူ့အခွင့်အရေးချိုးဖောက်ခံ ရမှုများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *