Briefing Paper: Human Rights Defenders Forum
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်” ကို ညီမျှခြင်းမြန်မာ (Equality Myanmar) နှင့် လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့အစည်းများက ၂၀၂၅ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အွန်လိုင်းဆွေးနွေးမှုဖြင့် (၃)ရက်တာ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်အဖွဲ့အစည်းများ စုစုပေါင်း ၁၀၇ ဦးတို့ ဖိုရမ်ကို တက်ရောက်ခဲ့ပြီး အမျိုးသား (၃၉) ဦး၊ အမျိုးသမီး (၆၃) ဦး၊ လိင်တူ မဟုတ်သူများ (၂) ဦး၊ ထုတ်ဖော်မပြုလိုသူများ (၂) ဦးနှင့် Transgender Man (၁)တို့ ပါဝင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို မီးမောင်းထိုးပြခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို သက်ဆိုင်သူများအကြား တိုးမြှင့်ခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ဒီမိုကရေစီလိုလားသူများကြား စည်းရုံးညီညွတ်မှုကိုပြသနိုင်ရန် နှင့် လူ့အခွင့်အရေး တရားမျှတရေးဆိုင်ရာ တောင်းဆိုမှုအသံများကိုထုတ်ဖော်နိုင်ရန်အတွက် ဖိုရမ်ကို ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
