မြန်မာ့နွေဦး၏ လူငယ်တော်လှန်ရေးသမားများ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးအကြီးအကဲနှင့် တွေ့ဆုံပြီး မြန်မာ့အကျပ်အတည်းဖြေရှင်းရာတွင် အာဆီယံဆက်လက်ကျရှုံးနေခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြား
(သတင်းထုတ်ပြန်ချက်)
၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာ့နွေဦး၏ လူငယ်တော်လှန်ရေးသမားများသည် မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်ရုံး အကြီးအကဲဖြစ်သူ သံအမတ်ကြီး Mr. Ngurah Swajaya နှင့် တွေ့ဆုံခဲ့သည်။
အစည်းအဝေးကို နွေဦးတော်လှန်ရေးအတွင်း ဖွဲ့စည်းလိုက်သော သပိတ်ကော်မတီများနှင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများစသည့် မတူကွဲပြားသော နောက်ခံသမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းများ၊ ကွန်ယက်များနှင့် တပ်ပေါင်း စုများအပြင် တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးကိစ္စများကို နွေးဦးတော်လှန်ရေးမတိုင်မီက တည်းက လူပ်ဆောင်လာခဲ့သော တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ကွန်ယက်များ နှင့် အရပ်ဘက်လူထု အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် ၂၆ ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
မြန်မာဘာသာ ထုတ်ပြန်ချက်အပြည့်အစုံရယူရန်။

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။