မြန်မာနိုင်ငံအတွင်း ပြည်သူလူထု၏ အခွင့်အရေးများ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၏ စိုးရိမ်ဖွယ်အခြေအနေ -အနှစ်ချုပ်အစီရင်ခံစာ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ကာ ပြည်သူတို့၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ထား သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး မင်းအောင်လှိုင်မှ စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပါသည်။ စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက်ပိုင်း ပြည်သူတို့၏ အခွင့်အရေးများဖြစ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံသား အခွင့်အရေးများကို ရက်စက်ကြမ်းကြုတ်စွာကျူးလွန်မှုများစွာ ကျူးလွန် ခဲ့ပါသည်။
ယခုတင်ပြသည့် အစီရင်ခံစာသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အစီရင်ခံစာများနှင့် သတင်းဌာနများက ဖော်ပြထား သည့်အချက်များထဲမှ ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးများကို ကိုလေ့လာ ဆန်းစစ်ပြီး တင်ပြထားသည့် အစီရင်ခံစာဖြစ်ပါသည်။
ဤအစီရင်ခံစာသည်ယခု လာမည့် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့တွင်ကျင်းပမည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၂)ကြိမ်မြောက်ပုံမှန်အစည်းဝေး ကို ဦးတည်၍လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် ချမှတ်မည့် ဆုံးဖြတ်ချက်များတွင် ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများ အတွက် ပါဝင်သင့်သည့် အချက်များကို အကြံပြုတင်ပြချက်များ ထည့်သွင်းဖော်ပြထားပါသည်။
အကျဉ်းချုပ် အစီရင်ခံစာအား ယခု Post နှင့်အတူဖော်ပြပေးလိုက်ပါသည်။ အသေးစိတ်သိရှိလိုပါကတိုက်ရိုက် မေးမြန်းဆက်သွယ်ရန်။
Name – jasmine
Email -info@equalitymyanmar.org


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။