ဧရာဝတီတိုင်းရှိ ခရိုင် ၆ ခုသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများလှူဒါန်းခြင်း
လွန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် ညီမျှခြင်းမြန်မာက ကိုဗစ်ရောဂါ ကြိုတင် ကာကွယ်ရေး အထောက်အကူပစ္စည်းများကို ဧရာဝတီတိုင်းအခြေစိုက် ဧရာဝတီလူငယ်ကွန်ရက်သို့ လှူဒါန်းခဲ့ပါသည်။

လှူဒါန်းခဲ့သော ကျန်းမာရေးအထောက်အကူပစ္စည်းများမှာ Face Shield ၂၉၀၀ခု၊ နှာခေါင်းစည်း(Surgical Mask) ၂၃၀၀ဗူးနှင့် ပိတ်စဖြင့် ချုပ်ထားသော နှာခေါင်းစည်း ၇၉၅၀ တို့ဖြစ်ပါသည်။
အဆိုပါ အထောက်အကူပစ္စည်းများကို ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်(၆)ခုသို့ ဧရာဝတီလူငယ်ကွန်က ဝန်ထမ်းများ ကိုယ်တိုင် သွားရောက် ဖြန့်ဝေပေးခဲ့သည်။
ပစ္စည်များသွားရောက်ဖြန့်ဝေရာတွင် အဆင်ပြေလွယ်ကူစေရန် မြောင်းမြမြို့၊ ကျေးသားကျောင်းတိုက်၏ ဘုန်းကြီးကျောင်းကားကို အသုံးပြုခွင့်ပေးခြင်းဖြင့် ပါဝင်ခဲ့သည်။


ထိုခရိုင် ၆ ခုရှိ စျေးများ၊ ရပ်ကွက်များ၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးစင်တာများ အပါအဝင် မြို့အဝင်ဂိတ်များ၊ မီးပွိုင့်များနှင့် စာသင်ကျောင်းများသို့ ဒေသ ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းများနှင့်အတူပူးပေါင်း၍ လှူဒါန်းခဲ့ပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
