ပို့ချခြင်း အတတ်ပညာ(Facilitation)
လူ့အခွင့်အရေးပညာပေးသူတွေနဲ့ သင်တန်းနည်းပြတွေ မသိမဖြစ်လေ့လာသိရှိထားရမဲ့ ပို့ချခြင်း အတတ်ပညာအကြောင်းကို ရှင်းလင်းပို့ချပေးထားတဲ့ ဗီဒီယိုဖိုင်လေး တင်ပေးလိုက်ပါတယ်။
လူ့အခွင့်အရေးပညာပေးသူ(သို့) နည်းပြကောင်း တစ်ယောက်၊ စေ့စပ်ဆော်သြသူ(Facilitator) ကောင်း တစ်ယောက်တွင် ရှိရမဲ့ အရည်အချင်း၊ သတိထား ဂရုပြုရမဲ့အချက်တွေကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုယ်တိုင် ရှင်းလင်း တင်ပြ ပေးထားပါတယ်။
သင်တန်းနည်းပြမဟုတ်ပေမဲ့ အစည်းအဝေးတွေ၊ ရပ်ရေး၊ ရွာရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ဆွေးနွေးပေး နေသူတွေအဖို့လည်း လေ့လာထားရင် အကျိုးရှိစေမယ့် ဗီဒီယိုဖိုင်လေးပါ။
အိမ်မှာနေပြီး မိမိတို့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်ပါတယ်။
နောက်ရက်တွေမှာလည်း ပညာပေးဗီဒီယိုဖိုင်လေးတွေကို ထပ်ပြီး တင်ပေးသွားပါအုံးမယ်ဆိုတဲ့ သတင်းကောင်းလေးပါ တစ်ခါတည်း ပါးလိုက်ပါတယ်နော်…


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
