လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေ
၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုအထိမ်းအမှတ်အနေဖြင့် လူ့အခွင့်အရေးဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်းမြန်မာနှင့် MCN သတင်းဌာနတို့က ပူးပေါင်းတင်ဆက်ပေးသွားဖို့ ၂၉ ရက်၊ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးခဲ့ပါတယ်။
ယခု ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ထားသော ဆောင်ပုဒ်မှာ “လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေး” ၊“ Youth Standing Up for Human Rights” ဖြစ်ပါသည်။




ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
