လူ့အခွင့်အရေးစကားသံ အပိုင်း(၅၄) ကလေးစစ်သားများအား ပြန်လည်ပြုစုနေရာချထားခြင်းလုပ်ငန်းစဉ် (DDR)
ယခုအပတ်တင်ဆက်လိုက်တဲ့ လူ့အခွင့်အရေးစကားသံအစီအစဉ် (၅၄) မှာ နည်းပြ ဆရာအောင်မျိုးမင်းက “ကလေးစစ်သားများအားပြန်လည် ပြုစုနေရာချထားခြင်းလုပ်ငန်းစဉ်” ဆိုသည့်ခေါင်းစဉ်ကို သင်တန်းသားတွေနဲ့ ဆွေးနွေးပွဲပုံစံ စိတ်ဝင်စားဖွယ် တင်ပြဆွေးနွေးထားပါတယ်။ ကလေးစစ်သားများနှင့်မိဘများ၏ကြည်နူးမှုများနှင့် ကြုံတွေ့ရမည့်အခက်အခဲများနှင့်ကို ဦးစွာဆွေးနွေးတင်ပြထားပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ကို ဆက်လက် ဆွေးနွေးတင်ပြထားပါသည်။ ကလေးစစ်သားများကို ပပျောက်ရေးအတွက် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူအားလုံးပါဝင်ရုံသာမက ကလေစစ်သားများကို သူ့ရဲ့ပတ်ဝန်းကျင်မှာ လုံ လောက် တဲ့ ကလေးစစ်သားပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်များလည်း လိုအပ်ကြောင်းရှင်းပြဆွေးနွေးထားပါတယ်။ အခုလူ့အခွင့်အရေးစကားသံအစီအစဉ်ကို ညီမျှခြင်းမြန်မာ ( Equality Myanmar) နှင့် (DVB-TV) တို့က ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။ ရှုစားမျှဝေအားပေးကြပါ။







ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
