လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
Equality Myanmar December 5, 2017
“ မိမိတို့လက်တွေ့လုပ်ဆောင်နေသော လုပ်ငန်းများအား ပြန်လည်သုံးသပ်မိသွားသည်ဟု ဆိုလာခဲ့သော လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”
ကုသိုလ်ဖြစ်အခြေပြုချဉ်းကပ်မှု၊ လိုအပ်မှုအခြေပြုချဉ်းကပ်မှု၊ အခွင့်အရေး အခြေပြု ချဉ်းကပ်မှုဆိုင်ရာများ နှင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် လူ့အခွင့်အရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည့် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ညီမျှခြင်းမြန်မာ အဖွဲ့မှ မန္တလေးမြို့တွင်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိပြုလုပ်ခဲ့ရာ အထက် မြန်မာ ပြည်တစ်ဝှမ်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၂၀ ဦးခန့်တတ်ရောက်ပါဝင် ခဲ့ကြသည်။
ဆွေးနွေးပွဲတစ်လျှောက် ဆွေးနွေးလေ့လာခဲ့ရမှုများကြောင့် မိမိတို့၏ လုပ်ငန်းများအား ပြန်လည်သုံးသပ်မိ ကြောင်း တတ်ရောက်ပါဝင်ခဲ့သူများမှ ပြောကြားခဲ့ကြသည်။
ထို့အပြင် မိမိတို့၏ လုပ်ငန်းများကို အခွင့်အရေးအခြေပြုချဉ်းကပ်မှုနည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်းတတ်ရောက်ပါဝင်ခဲ့သူတစ်ဦး ဖြစ်သူ ကိုကျော်ဆန်းမှ “ဖွံ့ဖြိုးတိုးတက်မှု နဲ့ လူ့အခွင့်အရေးကို ချိတ်ဆက်မှုကိုဖော်ပြတဲ့နေရာမှာ အရင်က ဒီလောက်မသိဘူး။ အခုတော့ နားလည်သွား ခဲ့တယ်။ ပိုပြီးမြင်သွားခဲ့တယ်။ နောက်ပြီး ဒီမှာသိလိုက်ရတာက Entry Point ကိုမြင်နိုင်စွမ်းရှိရမယ် ဆိုတာ လည်းသိလာတယ်။ ကိုယ်တိုင်လည်း မြင်နိုငအောင် ကြိုးစားရမယ်။ ကိုယ့်ရဲ့ အလုပ်တွေမှာလည်း Charity Based and Need based နဲ့ Rights Based Approach တွေကိုသိလာပြီး အဲ့ဒီအတိုင်းဖြစ်လာ အောင်ကြိုးစား သွားပါ့မယ်” ဟုပြောကြားခဲ့ပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
