Old APDS (Advocacy and Public Dialogues)အလုပ်ရုံဆွေးနွေးပွဲ
Equality Myanmar January 29, 2018
Equality Myanmar ၏ Advocacy လုပ်ငန်းအဖွဲ့မှ Old APDS (Advocacy and Public Dialogues)အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ (၂၄)ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန် Green Hill Hotel တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

နယ်ဘက်မှ အဖွဲ့အစည်းပေါင်း (၁၁)ဖွဲ့နှင့် ရန်ကုန်မြို့တွင်းရှိ အဖွဲ အစည်း(၈)ဖွဲ့မှ ကိုယ်စားလှယ်(၄၁) ဦးတက်ရောက်ခဲ့ ကြသည်။
” Advocacy လုပ်တယ်ဆိုတာ အစိုးရကိုဝေဖန်ထောက်ပြရုံသက်သက်မဟုတ်ပါဘူး။ အစိုးရရဲ့လိုအပ်ချက်တွေကိုထောက်ပြပြီး ဘယ်လိုကောင်းအောင် ဆောင်ရွက်ရမယ်ဆိုတာကို အပြုသဘောအကြံပေးတာလည်း လုပ်ဆောင်ရပါတယ်။ ဒါဟာအစိုးရအနေနဲ့လည်း ဂုဏ်တက်သလို၊ အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ယုံကြည်မှု ရရှိစေမှာဖြစ်ပါတယ်” လို့ ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ စည်းရုံးလှုံ့ဆော်မှု၏ သဘောသဘာဝကို ပြောပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
