ငြိမ်းချမ်းရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ပိတ်ဆို့ ဖမ်းဆီး
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသောတိုက်ပွဲများရပ်တန့်ရေးနှင့် စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာကူညီခွင့်ရရေး အတွက် ဆန္ဒထုတ်ဖော်မည့် တက်ပြွလှုပ်ရှားသူများကို တာမွေအဝိုင်းထိပ်တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရိုက်နှက်ခဲ့ပြီး တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။ ဆန္ဒဖော်ထုတ်မည့် သူများသည် တာမွေမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အပါအဝင် မြို့နယ် ငါးမြို့နယ်ကို လှည့်လည်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး လမ်းကြောင်းစတင်မည့် တာမွေအဝိုင်းထိပ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။