လူ့အခွင့်အရေးစကားသံ အပိုင်း(၁၁၇) လူ့အခွင့်အရေးနှင့် သတင်းမီဒီယာဥပဒေ
မင်္ဂလာပါယခုဆို လူ့အခွင့်အရေးနှင့် သတင်းမီဒီယာ အခန်းကဏ္ဍ၊ သတင်းမီဒီယာသမား၏ ဘဝ၊ ရပ်တည်မှု၊ အခက်အခဲနှင့် သတင်းလွတ်လပ်မှုအကြောင်းများကို DVB ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသခဲ့သည်မှာ သုံးပတ်တိုင်တိုင်ရှိပြီး ဖြစ်ပါသည်။ ပရိသတ်များအနေဖြင့် ဤအစီအစဉ်ကို ကြည့်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံမှ သတင်းထောက်များ၏ ဘဝနှင့် သတင်းလွတ်လပ်မှုများ အခြေအနေများကြောင်း တစုံတရာ သိရှိနားလည်သွား ကြမည်လို့ မျှော်လင့်ပါသည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
