လူ့အခွင့်အရေးစကားသံ အပိုင်း(၁၄၆) လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအကြောင်းသိရှိစေရန်ရည်ရွယ်ပြီး ထုတ်လွှင့်ပြသခြင်းဖြစ်ပါသည်။
ဇာတ်လမ်းတွင် ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဦးအောင်မျိုးမင်းက သူ၏တပည့်များအားရုံးခန်းသို့ခါ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပွဲကိုမည်ကဲ့သို့ ကျင်းပပြုလုပ်ကြမည်ကို အကြံဉာဏ်များခေါ်ယူဆွေးနွေးခဲ့သည်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
