လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု
လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime Against Humanity) ဆိုတာဘာလဲ။
လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများဆိုသည်မှာစစ်ပွဲကာလဟုတ် သည် ဖြစ်စေ၊
မဟုတ်သည်ဖြစ်စေထိခိုက်မည့် အကြောင်းကိုသိရှိပြီး မည်သည့်အရပ်သားလူထုကိုမဆို ဦးတည်၍
စနစ်တကျတိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများ
လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုမြောက်သည့် ပြစ်မှု အမျိုးအစားတွေကဘာတွေလဲ။
လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုမြောက်သည့်ပြစ်မှု အမျိုးအစား(၁၂)မျိုးရှိပါတယ်။
လူသတ်ခြင်း
မျိုးဖြုတ်ခြင်း
ကျွန်ပြုခြင်း
ပြည်နှင်ဒဏ်ပေးခြင်း(သို့)အတင်းအကြပ်ရွှေ့ပြောင်းခြင်း
ထောင်သွင်းအကျဥ်းချခြင်း
ညှင်းပန်းနှိပ်စက်ခြင်း
မုဒိမ်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊ အတင်းအကျပ်ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်၀န်ရှိစေခြင်း၊ ကိုယ်၀န်မရရှိစေခြင်း၊ အခြားဆိုးရွားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။
သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှဉ်းပန်းနှိပ်စက် (သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင် စသည့်အုပ်စုများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊
လူမျိုး၊အသားအရောင် ခွဲခြားရေးဆိုင်ရာဝါဒနှင့်ဆိုင်သော ရာဇဝတ်မှုများ ပြုလုပ်ခြင်း၊
တမင်တကာရည်ရွယ်၍ ကြီးစွာသောဆင်းရဲမှုကို ဖြစ်စေခြင်း၊ စိတ်ပိုင်း ဆိုင်ရာ နှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း
အသေးစိတ်ဆွေးနွေးမှုများကို ဗီဒီယိုထဲမှာ ကြည့်ရှု့နိုင်ပါတယ်။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှု (Crime Against Humanity) အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။