၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ လုပ်ငန်းစဉ်များ
ညီမျှခြင်း မြန်မာအဖွဲ့ သည် လူ့အခွင့်အရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်း များကို အစဉ်တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အောက်ပါ လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။
- လူ့အခွင့်အရေး အသိပညာပေးသင်တန်း (၃) ရက်သင်တန်း – (၈) ကြိမ်
- လူ့အခွင့်အရေး အသိပညာပေးသင်တန်း (၅) ရက်သင်တန်း – (၄) ကြိမ်
- လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် သင်တန်း – (၃) ကြိမ်
- လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ နှင့် တွေ့ဆုံအစည်းအဝေး – (၂) ကြိမ်
- လူ့အခွင့်အရေး မှတ်တမ်းကောက်ယူသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ – (၁) ကြိမ်
- လူ့အခွင့်အရေး မှတ်တမ်းကောက်ယူမှု သင်တန်း – (၂) ကြိမ်
- လူ့အခွင့်အရေး စကားသံ အစီအစဉ်ရိုက်ကူးခြင်း
- အွန်လိုင်း လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေး သင်တန်း – (၂) ကြိမ်
- အမှတ်စဉ် (၁၆) မှတ်တမ်းကောက်ယူခြင်းဆိုင်ရာ သင်တန်း – (၁) ကြိမ်
- စည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာ မျှဝေခြင်းအစည်းအဝေး – (၁) ကြိမ်
- သင်ရိုးညွန်တမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ – (၁) ကြိမ်
- လုံခြုံရေးဆိုင်ရာ အစီရင်ခံစာ ထုတ်လုပ်ခြင်း။
အထက်ပါလုပ်ငန်းစဉ်များအတွက် သင်ကြားပို့ချသော ညီမျှခြင်းမြန်မာ မှ သင်တန်း ဆရာ၊ ဆရာမ များ၊ သင်တန်းများ၊ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် စီစဉ်သူများ၊ ကူညီပံ့ပိုးပေးသူများ နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ယက်မှ ဆရာ၊ဆရာမများ၊ မှတ်တမ်းကောက်ယူ သူများ၊ အဆိုပါ သင်တန်းများအား စိတ်ဝင်တစားနှင့် တက်ရောက်ကြသော သင်တန်းသား၊သင်တန်း သူများကို ညီမျှခြင်း မြန်မာအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။