တပ်မတော်၏ မတရားအာဏာသိမ်းရယူမှု အခြေအနေနှင့် စပ်လျဉ်း၍ ညီမျှခြင်းမြန်မာ၏ သဘောထား ထုတ်ပြန်ချက်
သဘောထား ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၄ရက်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် တပ်မတော်၏ မတရားအာဏာသိမ်းရယူမှု အခြေအနေနှင့် စပ်လျဉ်း၍ ညီမျှခြင်းမြန်မာက အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။ အာဏာသိမ်းယူအပြီး ဆက်လက်ဖြစ်ပွားခဲ့သော နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နိုင်ငံရေးပါတီရုံးများကို ချိတ်ပိတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် စိုးရိမ်မိပါသည်။
မိမိတို့အနေဖြင့် အောက်ပါအချက်များကို တောင်းဆိုပါသည်။
(၁) ဖမ်းဆီးထိန်းသိမ်းထားသော ရွေးကောက်ခံ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန်၊
(၂) ဒီမိုကရေစီစနစ်မှ သွေဖည်ဆန့်ကျင်သော လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ဆောင်ချက်များကို ရပ်တန့်ရန်။
(၃) ပြည်သူလူထု၏ ဆန္ဒကို လေးစားပြီး အာဏာသိမ်းယူမှုကို ရပ်တန့်ရန်တောင်းဆိုလိုက်သည်။
ညီမျှခြင်းမြန်မာအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေးစားသည့် လူမှုပတ်ဝန်းကျင်ဖော်ဆောင်ရေးအတွက် ပြည်သူလူထုနှင့် တသားတည်းရပ်တည် ကာကွယ်သွားမည်။
ထုတ်ပြန်ကြေညာချက် – အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ။

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
