ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) မှာပါတဲ့အခွင့်အရေကို ကန့်သတ်လို့ ရ၊ မရ ကဒ်ပြားလေးတွေကို လေ့လာကြရအောင်။
- ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) မှာပါတဲ့အခွင့်အရေးတွေကို လိုအပ်လို့ လိုအပ်သလောက် ဆိုင်းငံ့ကန့်သတ်မယ်ဆိုရင်တောင် လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်ဆိုတဲ့အကြောင်းကို ကဒ်ပြား (၁) မှာ ရှင်းပြထားပါတယ်။
- ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေမျိုးမှာ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးတချို့ကို ဆိုင်းငံ့ကန့်သတ်လို့ရတယ်ဆိုပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်ရပါမယ်ဆိုတာ ကဒ်ပြား (၂) မှာ ရှင်းပြထားပါတယ်။
- ကပ်ပြား (၃) မှာကတော့လွတ်လပ်စွာ သွားလာခွင့်ကို ဆိုင်းငံ့ကန့်သတ်လို့ရလား။
- လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုရော ပိတ်ပင်လို့ရလားဆိုတဲ့ မေးခွန်းကိုတော့ ကဒ်ပြား (၄) မှာ ရှင်းပြထားပါတယ်။

အပြည်အစုံ ရယူရန်။ ။မြန်မာဘာသာ – ၁ မှ ၅ အထိ။
အပြည်အစုံ ရယူရန်။ ။မြန်မာဘာသာ – ၆ မှ ၁၀ အထိ။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
