အိမ်မှာနေ အလုပ်လုပ်ရက် ထပ်မံတိုးမြင့်
အသိပေးကြေညာချက်
COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက အပြင်သွားလာမှုများ ထပ်မံကန့်သတ်ထားပါသည်။ ပြည်သူများကလည်း အစိုးရချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ကြေညာထားပါသည်။
ထို့ကြောင့် ညီမျှခြင်းမြန်မာအဖွဲ့၏ ရုံးစီမံခန့်ခွဲရေး ကော်မတီသည်လည်း အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ရုံးဝန်ထမ်းမျာကို မိမိတို့နေအိမ်ကနေပြီး ရုံးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည့်ရက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်အထိ သက်တမ်းတိုးမြင့်လိုက်ပါသည်။
အစိုးရ၏ ညွှန်ကြားချက်နှင့် ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြီး ရုံးပြန်လည်ဖွင့်လှစ်မည့်ရက် ထပ်မံအကြောင်းကြားပေးသွားပါမည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
