လူမှုကွန်ရက်စာမျက်နှာ ကာဗာဓါတ်ပုံပြောင်းခြင်းဖြင့် နှစ်၂၀ပြည့်ကို ကြိုဆိုဖို့ ဖိတ်ခေါ်ခြင်း
မင်္ဂလာပါ
မိတ်ဆွေတို့ရေ…
မကြာမီ လာမဲ့ ဇူလိုင်လ (၁၇) ရက်ဟာ အရင်က HREIB လို့ လူသိခဲ့များကြတဲ့ Equality Myanmar (ညီမျှခြင်းမြန်မာ)အဖွဲ့ရဲ့ နှစ်(၂၀)ပြည့် 🎂နှစ်ပတ်လည်နေ့ ကျရောက်မှာ ဖြစ်ပါတယ်။
နှစ်ပတ်လည်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မိမိတို့ လူမှုကွန်ရက် စာမျက်နှာ ကာဗာ(Cover Photo)ဓါတ်ပုံကို အောက်ကပုံပြောင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကာဗာဓါတ်ပုံကို ဇူလှိုင်လ၊ ၁၈ ရက်အထိ တင်ထားပေးပါလို့ ဖိတ်ခေါ်ပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
