ဗွီဒီယိုများ အသုံးပြုခြင်း သင်ခန်းစာ
ဗွီဒီယိုများ အသုံးပြုခြင်း သင်ခန်းစာ
မင်္ဂလာပါ
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စာသင်ကြားရေးမှာလည်း ဆရာက မြေဖြူ၊ ကျောက်သင်ပုန်း၊ စာအုပ်နဲ့ ရေးပြ၊ ဖတ်ပြတာကိုပဲ နားထောင်ပြီးလေ့လာရတဲ့ ခေတ်မဟုတ်တော့ပါဘူး။
သင်ကြားမှုအပိုင်းမှာလည်း တပည့်တွေ၊ လေ့လာသူတွေက ပိုမိုစိတ်ဝင်စားမှုရှိလာအောင်၊ သင်ခန်းစာ၊ လေ့လာမှုတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်တတ်လာအောင် ဖြစ်ရပ်မှန် ဇာတ်လမ်း၊ ဗွီဒီယိုမှတ်တမ်းတွေကို ပြသပြီးသင်ကြားလာနေကြပါပြီ။
ဒါကတော့ သင်ထောက်ကူနည်းမျိုးစုံရှိတဲ့အထဲက ဗွီဒီယိုတွေကို သင်ထောက်ကူအဖြစ်သုံးတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။
ဗွီဒီယိုကို သင်ထောက်ကူအဖြစ်အသုံးပြုမယ်ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ရမလဲ။ ဖျော်ဖြေရေးဘက်ရောက်မသွားအောင် ဘယ်လိုသတိထားရမလဲ၊ သင်ခန်းစာနဲ့ချိတ်ဆက်အောင် ဘယ်လို လမ်းကြောင်းပေးရမလဲ ဆိုတဲ့အကြောင်းကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းပေထားတဲ့ ဗွီဒီယိုလေး ထပ်တင်ပေးလိုက်ပါတယ်နော်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
