Small group discussion – အုပ်စုငယ်များ ခွဲ၍ဆွေးနွေးခြင်း သင်ခန်းစာ
အစည်းအဝေး ဆွေးနွေးဝိုင်းတွေ၊ သင်တန်းတွေကို ပိုပြီး ထိရောက်အောင်၊ အစည်းအဝေး တက်ရောက်သူတွေ(သို့မဟုတ်) ပါဝင်သူတွေအားလုံး ပြောဆိုဆွေးနွေးနိုင်အောင် ဘယ်လိုဦးဆောင် စီမံမလဲဆိုတဲ့ ဗွီဒီယိုကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့တင်မဲ့ ဗွီဒီယိုလေးမှာတော့ လူအများနဲ့ပြုလုပ်တဲ့ အစည်းအဝေး ကြီးကြီး(သို့မဟုတ်) သင်တန်းတွေကို အတန်းလိုက်ထိုင်စေပြီး ဆွေးနွေးစေတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ပဲ အားလုံး တစ်ယောက်နဲ့ တစ်ယောက်မြင်နိုင်အောင် ဝိုင်းဖွဲ့ထိုင်ကာ ဆွေးနွေးစေတဲ့အကြောင်း၊ ဒီထက်ပိုပြီး အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်အောင် အုပ်စုငယ်လေးတွေ ထပ်ခွဲပြီး ဆွေးနွေးစေရတဲ့ အကြောင်းကို ရှင်းလင်းပေးထားပါတယ်။
တစ်ဦးတစ်ယောက်ကပဲ ပြောဆိုသွားတာမျိုးမဖြစ်အောင်၊ အုပ်စုမှာ ပါဝင်တဲ့သူတွေ အားလုံးရဲ့ အမြင်တွေ၊ အသံတွေ ပါဝင်ဆွေးနွေး လာအောင် ဘယ်လိုအုပ်စုဖွဲ့ပေးရမလဲ၊ သတိထား လုပ်ဆောင်ရမလဲ ဆိုတဲ့ အချက်တွေကို ဆရာဦးအောင်မျိုးမင်းက တင်ပြပေးထား ပါတယ်နော်။

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
