ရွှေဘိုမြို့တွင် လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူများမုန်းတီးမှုလျော့ကျစေရေးနှင့် လူသားချင်း မခွဲခြားရေးအတွက် ပညာပေး စည်းရုံးမှုများ ပြုလုပ်
ရွှေဘိုမြို့တွင် လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူများ မုန်းတီးမှုလျော့ကျစေရေးနှင့် လူသားချင်း မခွဲခြားရေးအတွက် ပညာပေးစည်းရုံးမှုများ ပြုလုပ်

ရွှေဘိုမြို့၊ သပြေညို ၊ ရွှေဘိုပန်း လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူများအဖွဲ့က ကိုအီးတီ ဦးဆောင်၍ ‘ကိုဗစ်ပိုးသည် လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါမခွဲခြား လူတိုင်းကာကွယ်ပါ’ ဟူသော ပညာပေး သတင်းစကားဖြင့် လူသားအချင်းချင်းခွဲခြားဆက်ဆံခြင်းမပြုလုပ်စေရန် နှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများကို မုန်းတီးမှုလျော့ကျ စေရေးအတွက်ရည်ရွယ်၍ ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပါသည်။
ကုန်းဘောင်ဈေး စည်ပင်အရာရှိက “အခုလိုအချိန်မှာလူတွေက ဂရုစိုက်ဖို့လိုတယ်၊ ဒါကြောင့် များများ ပညာပေးပါ” လို့ ပညာပေး လုပ်ဆောင်မှုကို အားပေးစကားဆိုပါသည်။
မေလ၊ ၂၊ ၁၁ ၊ ၁၃ ရက်များတွင် ရွှေဘိုမြို့မဈေး၊ ကုန်းဘောင်ဈေး၊ တောင်တံခါးဈေးတို့၌ လူထုပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။ သပြေညို၊ ရွှေဘိုပန်းအဖွဲ့က လိင်စိတ်ခံယူမှု ကွဲပြားသူများ နှင့်အတူ မြို့နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့၊ ကုန်းဘောင်ဈေး စည်ပင်သာယာရေးအဖွဲ့၊ အရပ်ဘက် ပရဟိတ လူငယ်များအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် သုံးဘီးယာဉ်မောင်းသူကလည်း “ကိုဗစ်ကာလမှာ လူတွေ စည်းကမ်းလိုက်နာဖို့ လိုတယ်၊ မျက်စိထဲ ယဉ်ပါး ပြီးနားလည်အောင် လုပ်ဆောင်တာကောင်းပါတယ်၊ ရပ်ကွက်ထဲပါ ပညာပေးစေချင်တယ်” လို့ ပြောပါသည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
