HRE epi 158 Hate-speech
အမုန်းစကားအကြောင်းကို DVB ရုပ်သံ သတင်းဌာနနဲ့ ညီမျှခြင်းမြန်မာအဖွဲ့တို့ ပူးပေါင်း ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ လူတစ်ဦးနဲ့တစ်ဦး၊ အုပ်စုတစ်စုနဲ့တစ်စုအကြား တိုက်ခိုက် ရေးသား နေခြင်းအပြင် ဘယ်လိုစကား၊ ဘယ်လိုပြောဆိုမှု၊ ဘယ်လိုရေးသားမှုတွေက အမုန်းစကားပြောဆိုမှုကို ဖြစ်စေနေသလဲဆိုတာ သိရှိပြီး အမုန်းစကားမပြန့်ပွားလာစေအောင် မိမိကိုယ်တိုင်ကစပြီး လုပ်ဆောင် တတ်လာစေရန် ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ဒီပညာပေးအစီအစဉ်ကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး ညှိနှိုင်းရေးမှူး မတိုးတိုးမြင့်၊ မေနိုခိုင်၊ နှင်းသီတာလှိုင်၊ ထူးဝဏ္ဏရှိန်နဲ့ သွန်းဆက်ပိုင်တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
