(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားနေ့
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ၌တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ သခင်မြပန်းခြံ၌ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၄၃ ဖွဲ့ဦးစီးကာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်မြ “လူသားအားလုံးအခွင့်အရေး လူငယ်များက ရပ်တည်ပေး”အခမ်းအနားတွင် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ထွန်းအိန္ဒြာဗိုလ်၊ စောဖိုးခွား၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ မေသူကျော်၊ စောစဖောင်၊ ဇွဲသက်ပိုင်၊ မြတ်သစ္စာ တို့၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ပြဇာတ်များ၊ အမေးအဖြေကဏ္ဍ နှင့် လူ့အခွင့်အရေး ပညာပေးပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
