တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ဆွေးနွေးပွဲစကားဝိုင်
၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုတဲ့အနေနဲ့
“တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး” ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်း မြန်မာအဖွဲ့နဲ့ MCN သတင်းဌာနတို့က ပူးပေါင်း ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။
“ တရားဥပဒေ စိုးမိုးရေး” ဆိုတာ “နိုင်ငံတွင် စိုးမိုးထားတဲ့ ဥပဒေတွေက တရားမျှတမှု ရှိရမယ်” လို့ ဆိုလိုကြောင်း၊ “ ပြည်သူလူထုအနေနဲ့ ရရှိခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ ဥပဒေအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ပြည်သူလူထုကိုယ်တိုင် သိထားရမယ်” ဆိုတဲ့အကြောင်းတွေနဲ့အတူ လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးက ဘယ်လိုဆက်စပ်နေလဲ၊ လူ့အခွင့်အရေးကို လေးစားတဲ့ တရားရေးမဏ္ဍိုင်ဖြစ်အောင် ဘာတွေပြောင်းလဲသင့်လဲ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးလေးစားတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာတာဝန်တွေ လိုက်နာသင့်သလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးထားပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
