လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Equality Myanmar May 3, 2019
ဧပြီလ ၂၄ ရက်နေ့မှ ၂၆ရက်နေ့အထိ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့Beauty Land Hotel တွင် ပြုလုပ်ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ယုံကြည်မှုကိုအခြေပြုသောခွဲခြားမှု ကင်းစင်သည့် လူ့အဖွဲ့အစည်းဆီသို့ Slogan (ဆောင်ပုဒ်) တစ်ခုအနေနှင့် Social Media Campaign တစ်ခုကိုလည်း သင်တန်းသား၊သင်တန်းသူများမှ ဦးဆောင်ပြီး လုပ်ဆောင်နိုင် ခဲ့သည်။

“ ဒီသင်တန်းက ကျွန်မအပါအဝင် ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် များစွာအကျိုးသက်ရောက်မှု ရှိစေ ပါတယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၏ သဘောတရား အနှစ်သာရများနှင့် စံသတ်မှတ်ချက်များ ကိုလည်း သိရှိခွင့်ရခဲ့ပါတယ်။” ဟု သင်တန်းသူတစ်ဦးဖြစ်သူ မသီတာလွင်မှ ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခြင်းအကြောင်းအရာ၊ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့် အတွက် နိုင်ငံတကာပြဌာန်း ချက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့်ဆိုင်ရာ စံတန်ဖိုးများနှင့် လွတ်လွပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ ချိုးဖေါက်ခံရမှု အခြေအနေများကို ဆွေးနွေး ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ဆိုင်ရာ အခြေအနေများနှင့် အစိုးရတာဝန် များ၊ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်နှင့်ပတ်သက်သည့် ဒေသတွင်း လှုပ်ရှားဆောင်ရွက်နိုင်မည့် လုပ်ငန်း စဉ်များကိုဆွေးနွေးမှု များပြုလုပ်ဆောင်ရွက်ခဲ့သည်။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ အကြောင်းအရာများကို သိရှိပြီး မတူကွဲပြားမှုများ ကြားတွင် အတူတကွ ယှဉ်တွဲ နေထိုင်ရေးနှင့် ဘာသာရေး ပေါ်အခြေခံပြီး ဖြစ်ပေါ်လေ့ရှိသော ပဋိပက္ခများ၊ အကြမ်းဖက်မှု များဖြစ်ပေါ်လာပါက ကောင်းမွန်သည့် နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်။

သင်တန်းသားတစ်ဦးဖြစ်သူ ကိုကျော်စွာမင်း မှလည်း “ကျွန်တော့်အနေနဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို မိမိကိုးကွယ် တဲ့ဘာသာအပေါ်မှာ သက်ဝင်ယုံကြည်သလို အခြားဘာသာ ဝင်များ၏ ယုံကြည်ကိုးကွယ်မှုကိုလည်း လေးစားဖို့လိုအပ်တယ် ဆိုတာကို သိရှိခဲ့ရတယ်” ဟု ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲကို ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် တို့မှ ဘာသာ မတူ သည့် သင်တန်းသား၊ သင်တန်းသူ (၂၅) ဦးတက်ယောက်ဆွေးနွေးခဲ့သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *