စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် ရပ်ရွာလူထုအကြား လူ့အခွင့်အရေးအသိပညာ ဟောပြောပွဲကျင်းပခြင်း
၇ ရက်၊ ဧပရယ်လ၊ ၂၀၁၉ ခုနှစ်တွင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲကို Equality Myanmar နှင့် Human Rights Educator Network မှ ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းတိုင်း တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
“အရင်တုန်းက သတင်းရယူပိုင်ခွင့်ဆိုတာ ကိုယ့်ရဲ့အခွင့်အရေးမှန်း အမှန်တကယ်မသိရှိခဲ့ တာပါ။ အခုတော့ ကိုယ့်မှာသတင်းရရှိပိုင် ခွင့်တွေရှိတယ်ဆိုတာသိရှိလာခဲ့တယ်။ မြန်မာအစိုးရက နိုင်ငံတကာ စာချုပ်တွေ လက်မှတ်ထိုးတာတာကိုလည်းသိရှိခဲ့တယ်။ အခွင့် အရေး အကြောင်းအရာတွေ ကိုသိရှိလာတဲ့တွက် ပြောရဲဆို ရဲရှိ လာတယ်။ ကိုယ့်မှာအခွင့် အရေးရှိသလို တပါး သူရဲ့အခွင့်အရေး ကိုလည်း လေးစားလိုက်နာရမယ် ဆိုတာ သိရှိလာတယ်” လို့ ဦးသန်းဝင်း လယ်စစ်ကော်မတီဝင် (ကန့်ဘလူ) ပြောကြားခဲ့ပါ တယ်။
ဟောပြောပွဲသို့ရပ်ရွာလူထုအယောက်(၄၀)ဦးတက်ရောက်ခဲ့ပါသည်။
လူ့အခွင့်အရေးနှင့်ပတ်သတ်တဲ့အကြောင်းအရာတွေကို မသိရှိခဲ့ ပါဘူး။ အခုသိရှိလာခဲ့တော့ တချို့ဥပဒေတွေကလူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့မကိုက်ညီတာတွေကိုတွေ့ရှိခဲ့ရတယ်။တ့ချို ပြစ်ဒဏ် တွေကလည်း အခွင့် အရေးနဲ့ မကိုက်ညီတာကိုသုံးသပ်မိတယ်။ ဥပမာ သေဒဏ်လို မျိုးပေါ့” လို့ ရှေ့နေေ ဒါ်မြင့်မြင့် က ဆိုပါသည်။
ဆက်လက်ပြီးသူမကမိမိကိုယ်ရေးအချက်အလက်များပေါက်ကြားခြင်းက အခွင့်အရေးချိုးဖောက်ခံရတာမှန် မသိခဲ့ကြောင်း၊ ယခင်က တဦးတစ်ယောက်မှ အခြားသူ၏ အကြောင်း၊ အချက်အလက်များ တောင်းလာပါက အလွယ်တကူပေး လိုက်ခြင်းမျိုး လုပ်ခဲ့ပေ မယ့် ဟောပြောပွဲအပြီးတွင် သူမမှ တပါးသူအချက်အလက်များကို လေးစားမည်ဟုဆိုပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
