လူ့အခွင့်အရေးစကားသံ အပိုင်း (၁၄၃) လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုးညွှန်းတန်း (ဒုတိယပိုင်း)
မင်္ဂလာပါ “လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်း” ဒုတိယပိုင်းကို လာမည့်အပတ်တွင် ထုတ်လွှင့်ပေး သွားမှာဖြစ်ပါသည်။ ဇာတ်လမ်းကို ကျောင်းသင်ရိုးညွှန်းတမ်းများတွင် လူ့အခွင့်အရေး အယူအဆသဘောတရားများ ပါဝင်ရေးနှင့် လူ့အခွင့်အရေး ပညာပေးခြင်းများအကြောင်းသိရှိစေရန်ရည်ရွယ်၍ ထုတ်လွှင့် ပြသ ခြင်းဖြစ်ပါသည်။ ဆရာအောင်ဇော်ထွေးမှ ကျောင်းသင်ခန်းစာများထဲမှ လူ့အခွင့်အရေးအကြောင်းအရာများကို လေ့လာခိုင်းရာ ထူးဝဏ္ဏရှိန်မှ သမိုင်းသင်ရိုးညွှန်တမ်းမှ တွေ့ရှိချက်ကိုဆွေးနွေးပြီး၊ နှင်းသီတာလှိုင် သည် မြန်မာစာသင်ရိုးညွှန်းတမ်းမှ တွေ့ရှိချက်ကို ဆွေးနွေးတင်ပြခဲ့ကြသည်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
