သာစည်မြို့တွင် ပထမဦးဆုံး လူအခွင့်အရေး အမြင်ဖွင့် ပောာပြောပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း
ညီမျှခြင်းမြန်မာ (မန္တလေး) ရုံးမှ ဒေါ်စိုးကလျာမှ ဦးဆောင်ပြီး မတ်လ ၂၂ရက်နေ့ ၂၀၁၉ ရက်နေ့တွင် သာစည်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရက်တာ လူအခွင့်အရေး အမြင်ဖွင့် ပောာပြောပွဲကို သာစည်မြို့အတွင်းရှိ ရပ်ကျေးအဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့မှ အမျိုးသမီး လုပ်ငန်းကော်မတီဝင်များ တက် ရောက်လာခဲ့ပါသည်။
ထိုပောာပြောပွဲတွင် လူအခွင့်အရေးအယူအဆ၊ လူအခွင့်အရေး သမိုင်းကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေငြာ စာတမ်းပါ အပိုဒ်များကို လက်တွေ့ဘဝတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် ချိတ်ဆက်စဉ်းစားကြခြင်း၊ အစိုးရ တာဝန်နှင့် လူအခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် ယန္တရားများ အကြောင်းအပြင် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်၏ တာဝန် များနှင့် လုပ်ငန်းဆောင်တာများကို အပြန်အလှန် ဆွေးနွေးသည့် ပုံစံဖြင့် ပောာပြောဆွေးနွေးခဲ့ကြပါသည်။
ထိုပောာပြောပွဲသို့ တက်ရောက်လာသူများထဲမှ ဒေါ်နီနီအေးမှ “ ယခင်က လူအခွင့်အရေး ဆိုသည်ကို တယ်လီဗေးရှင်းတွင်သာ နားထောင်ဖူးခဲ့ပါသည်။ လူအခွင့်အရေးရဲ့ အနှစ်သာရက ဘာလဲ ဆိုတာ အတိအကျ သိရှိခဲ့ခြင်း မရှိခဲ့သေးပါ။အခု ဟောပြောပွဲ တက်ရောက်ခဲ့သည့်အခါမှာ လူအခွင့်အရေးလို့ ပြောသော်လည်း တာဝန်ပါ တွဲလာသည့်အကြောင်း သိရှိနားလည်လာခဲ့ပါသည်။ ထို့အပြင် တကယ် လက်တွေ့ ဘဝမှာ ဖြစ်ပျက်နေသော ကိစ္စများ သည် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ်များကို ချိုးဖောက်နေသည်ကိုလည်း သိရှိလာခဲ့ပါသည်။ ထို့အတွက်ကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများ ဖြစ်လာသည့် အခါ တိုင်ကြားနိုင်သည့် နေရာများကိုသိရှိလာခဲ့ပါသည်။ အဲဒီအတွက်ကြောင့် ကျေးရွာများတွင် ပောာပြောပွဲများများ လာရောက်လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု မှတ်ချက်ပေးကာ ပောာပြောပွဲကို ပြီးဆုံးခဲ့ပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
