မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီ အစည်းအဝေး
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးချက်တွေ၊ မြန်မာနိုင်ငံရဲ့ တုန့်ပြန် လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ထပ်ပြီး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ဇွန်လ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ “ညီမျှခြင်းမြန်မာ” အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
