UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေးကျင်းပ
Equality Myanmar February 17, 2018
UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေးကို Burma/Myanmar UPR Forum မှ အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၃)တာ ရန်ကုန်မြို့ Central ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဖွဲ့ဝင် စုစုပေါင်း (၃၀) ဦး တက်ရောက်ပြီး UPR နှစ်လည် အစီရင်ခံစာရေးသားရန်အတွက် စုပေါင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစည်းအဝေးတွင် ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ မချယ်ရီဇာဟောင်မှလည်း အခြားသော နိုင်ငံများမှ Midterm အစီရင်ခံစာတင်သွင်းသော ပုံစံများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
အစည်းအဝေးကာလ အတွင်း တက်ရောက်သူများက လူ့အခွင့်အရေးကောင်စီမှ အကြံပြု ထားချက်များမှ မြန်မာအစိုးရ သဘောတူ လက်ခံထားသော အချက်များကို လေ့လာကြပြီး၊ Midterm အစီရင်ခံစာတွင် မည်သည့်အကြောင်းအရာများကို ထည့်သွင်းရေးသားကြမည်ကို ဆွေးနွေးခဲ့ကြပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
