ညီမျှခြင်းမြန်မာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

Equality Myanmar February 7, 2018
ညီမျှခြင်းမြန်မာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ် ဖေဖော်ဝါရီလ ၅ မှ ၆ ရက်နေ့ထိ အောင်မြင်စွာ ကျင်းပ ပုလုပ်နိုင်ခဲ့သည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပုံစံကို ကြည့်မယ်ဆိုရင် ပိုမိုရှုပ်ထွေးလာတာတွေတွေ့ရတယ်.. အခြားသော အနှောက်အယှက် အန္တရာယ်တွေ ပိုမိုများလာတယ်၊ စီးပွားရေး လုပ်ငန်းပိုင်ရှင်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေ၊ လူမျိုးရေး၊ ဘာသားရေးအစွန်းရောက်မှုတွေ လူလူချင်း အကြမ်းဖက်မှုတွေ ပိုမိုများလာတယ် အဲလို အခြေအနေမျိုးမှာ အရင်ကထက်နည်းလမ်းတကျ(Work harder and smarter) လုပ်ဆောင်တတ်ဖို့လိုတယ်” လို့ ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါသည်။

ဆက်ပြီး “ဒီလိုစိန်ခေါ်မှုကြား ယုံကြည်ချက်မပျောက်မပျက်ဘဲ၊ ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်လက် လှုပ်ရှားနိုင်ဖို့၊ ဒီလိုရှုပ်ထွေးနေတဲ့ အခြေအနေကြားမှာ ဘယ်လိုနည်းဗျူးဟာတွေနဲ့ ထိထိရောက်ရောက်လုပ် ဆောင်ဖို့ ဝန်ထမ်းတွေအကြား ဆွေးနွေးတိုင်ပင်တဲ့ အစည်းအဝေးဖြစ်ပါတယ်”။

ဝန်ထမ်းတဦးဖြစ်သူ မဌေးဌေးဝင်း(လူ့အခွင့်အရေး သင်တန်းနည်းပြ)မှ မိမိတို့ ညီမျှခြင်းမြန်မာအဖွဲ့ကို “လာမည့်နှစ်တွေမှာ ညီမျှခြင်းမြန်မာအဖွဲ့ကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတိုးတက်တဲ့အပေါ် စံထားအားကိုးရပြီး ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတဲ့ အဖွဲ့အစည်းအဖြစ် ဖြစ်စေလိုတယ်” လို့ သူမ၏ အိပ်မက်(သို့)ဆန္ဒကို ပြောပြခဲ့ပါသည်။

“ညီမျှခြင်း–မြန်မာ” သည် မြန်မာနိုင်ငံတွင် လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းသော၊ သည်းခံစိတ်ရှည်သော၊ ဒီမိုကရေစီထွန်းကားသော လူမှုအသိုက်အဝန်း ပေါ်ထွန်းလာစေရန် မျှော်မှန်းပြီး၊ လူ့အခွင့်အရေး နည်းပြသင်တန်းများ၊ အခြေခံလူ့အခွင့်အရေးပညာပေး သင်တန်းများကို မြန်မာပြည်အနှံ့တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသော အဖွဲ့ဖြစ်ပြီး၊ လူ့အခွင့်အရေး ပညာပေး အထောက်အကူပစ္စည်းများ၊ ရုပ်မြင်သံကြား လူ့အခွင့်အရေး ပညာပေးအစီစဉ်တွဲများ၊ ပညာပေးပိုစတာများ၊ တေးသီချင်းများဖြင့်ထုတ်ဝေပြီး လူ့အခွင့်အရေး ပညာပေးမှုလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

eqmm8