Old APDS (Advocacy and Public Dialogues)အလုပ်ရုံဆွေးနွေးပွဲ

Equality Myanmar January 29, 2018
Equality Myanmar ၏ Advocacy လုပ်ငန်းအဖွဲ့မှ Old APDS (Advocacy and Public Dialogues)အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ (၂၄)ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန် Green Hill Hotel တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

နယ်ဘက်မှ အဖွဲ့အစည်းပေါင်း (၁၁)ဖွဲ့နှင့် ရန်ကုန်မြို့တွင်းရှိ အဖွဲ အစည်း(၈)ဖွဲ့မှ ကိုယ်စားလှယ်(၄၁) ဦးတက်ရောက်ခဲ့ ကြသည်။
” Advocacy လုပ်တယ်ဆိုတာ အစိုးရကိုဝေဖန်ထောက်ပြရုံသက်သက်မဟုတ်ပါဘူး။ အစိုးရရဲ့လိုအပ်ချက်တွေကိုထောက်ပြပြီး ဘယ်လိုကောင်းအောင် ဆောင်ရွက်ရမယ်ဆိုတာကို အပြုသဘောအကြံပေးတာလည်း လုပ်ဆောင်ရပါတယ်။ ဒါဟာအစိုးရအနေနဲ့လည်း ဂုဏ်တက်သလို၊ အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ယုံကြည်မှု ရရှိစေမှာဖြစ်ပါတယ်” လို့ ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ စည်းရုံးလှုံ့ဆော်မှု၏ သဘောသဘာဝကို ပြောပါသည်။