နေပြည်တော်ကောင်စီနယ်မြေ ဇေယျသီရိမြို့နယ် လေသာကျေးရွားတွက်အခြေခံ လူ့အခွင့်အရေးသင်တန်း ကျင်းပပြီးစီး

Equality Myanmar July 20, 2017
ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ယက်တို့ ပူးပေါင်းပြီး အခြေခံလူ့အခွင့်အရေးဆိုင်ရာ ၃ ရက်သင် တန်းတစ်ခုကို ဇေယျသီရီမြို့နယ်လေသာကျေးရွာတွင် ၇- ၇-၂၀၁၇ မှ ၉-၇-၂၀၁၇ ရက်နေ့ထိ ညီမျှခြင်း မြန်မာ ရန်ကုန်ရုံးမှ နည်းပြ မကြည်ဖြူနှင့် နေပြည်တော် လူ့အခွင့်အရေးပညာပေးသူများကွန်ယက်မှ မလင်းဖြူပြာတို့ မှ
ဦးဆောင်သင်တန်း ပို့ချ ပေးခဲ့သည်။
ဒေသတွင်း ရပ်ရွာလူထုမှ လူ့အခွင့်အရေးအသိပညာများထွန်းကားပြီး မိမိတို့ဒေသတွင်း လူ့အခွင့်အရေးချိုး ဖေါက်မှုများကို သတိပြုမိလာစေရန်နှင့် တိုင်ကြားမှုများကို စနစ်တကျပြုလုပ်လာနိုင်စေရန် ရည်ရွယ်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ ထိုသင်တန်း ကို ဒေသတွင်း လူ့အခွင့်အရေးစိတ်ပါဝင်စားသူများ ပညာရေးဌာနမှ ဝန်ထမ်း များ ကျောင်းဆရာ ၊ဆရာမများနှင့် သင်တန်း သား သင်တန်းသူ (၂၄)ယောက်တို့ မှစိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့သည်။
သင်တန်းသားဗဟုပြုနည်းစနစ်များဖြင့် ၎င်းတို့ဒေသတွင်းအဖြစ်အပျက်များနှင့် ချိတ်ဆက်ပြီး ဇာတ်လမ်း မှတ်တမ်းပုံပြင် များ ကိုအသုံးပြပြီး လူ့အခွင့်အရေးသဘောတရားများ ။လူ့အခွင့်အရေး သမိုင်းကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပေါ်ပေါက်လာမှုသမိုင်းကြောင်းများ လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်၏အဓိပ္ပါယ်များ လူ့အခွင့်အရေးအမျိုးအစား များ နိုင်ငံတကာ စာချုပ်များနှင့် အစိုးရတာဝန်ရှိမှု လူ့အခွင့် အရေးလုပ်ငန်းစဉ်များ တိုင်ကြားမှုပြုလုပ်နိုငသည့် နေရာဌာန များတိုင်းကြားမှုပုံစံ များကိုပို့ချ ပေးခဲ့ခြင်းဖြစ် သည်။
“ “ “အိမ်ကသင်တန်းပေးတက်တယ် လူ့အခွင့်အရေးသင်တန်းလို့ပြောတယ် ဘာတွေသင်မလဲဆိုတာလည်း မသိခဲ့ဘူး အဲ့လိုပုံစံနဲ့ဒီသင်တန်းကိုရောက်လာခဲ့တယ်။ ပထမ နေ့မနက်ပိုင်းးထိ အရမ်းကြီးနားလည် သဘော ပေါက်တာတွေ မရှိခဲ့သေးဘူး နေ့လည်လောက်တော့ နည်းနည်းစိတ်ဝင်စားလာတယ်။ဒုတိယနေ့မှာတော့ သဘောပေါက်သွားခဲ့တယ် .ကိုယ်တွေအတွက် တကယ့်ကိုလိုအပ်တဲ့ အကြောင်းအရာ တွေများပါလားဆိုတာ သိလာတယ်။ သင်တန်းရက်အရမ်းနည်းတယ်လို့လည်းခံစားခဲ့ရတယ်။ ကျနော် အသက်အရွယ်နဲ့ ဒီလို အကြောင်းအရာတွေကို လေလာ့ခွင့်ရခဲ့တဲ့အတွက်လည်း ကျေနပ်မှုဖြစ်ခဲ့ရတယ်။ရှေ့လျှောက်ပြီးတော့ လည်း လူ့အခွင့်အရေးဆိုင်ရာအချက် အလက်တွေကို ယခုထက်ပိုပြီးတော့လေ့လာချင်စိတ်တွေဖြစ်ပေါ်လာပါတယ်လို့ သင်တန်းတွင် အငယ်ဆုံး သင်တန်းသား ဖြစ်သူ မောင်————— ကပြောဆိုခဲ့ပါတယ် ”””””””
“ နောက်ထပ်တစ်ယောက်ရောဘယ်လိုတွေပြောခဲ့သလဲ ကျနော်တို့ အနေနဲ့ နှစ်ပေါင်းများစွာ လူ့အခွင့် အရေးချိုး ဖေါက်ခံရမှများကို အခု UDHR အပိုဒ်များကိုလေ့လာပြီမှ လူ့အခွင့်အရေးတွေ ငါတို့ အရမ်းကို ချိုးဖေါက်ခံခဲ့ရပါလား ဆိုတာကို သိလိုက်ရတယ် . အခုဆိုရင် ကျနော်တို့ အနေနဲ့ ဥပဒေများကို လေ့လာခွင့်ရခဲ့တယ် လူ့အခွင့်အရေးချိုး ဖေါက်မှုတွေကို တိုင်ကြားနိုင်တယ်ဆိုတာကို အပိုဒ်(၅) မှာလဲ ဖေါ်ပြထားတာ ဖြစ်တဲ့အတွက် ဘယ်သူမှ လူ့အခွင့်အရေး ကို လာချိုးဖေါက်လို့ မရတော့ဘူးဆိုတာကို သိလိုက်ပြီ ကျနော်တို့ အတွက်အရမ်းကိုလိုအပ်တဲ့အနှစ်တွေ တန်းဖိုးရှိတဲ့ အကြောင်းအရာတွေဖြစ်တယ်ဆိုတာသိလိုက်ပါပြီလို့ နိုင်ငံရေးစိတ်ဝင်စားပါတယ် ဝါသနာပါတယ်လု့ိဆိုတဲ့ တောင်သူ တစ်ယောက်ဖြစ်သူ “ ကိုဇော်ဝမ်း “ ကအခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။