လူ့အခွင့်အရေးဆင့်ပွား သင်တန်း ကျွန်းစု ကျင်းပပြီးစီး

Equality Myanmar May 18, 2017
အခြေခံလူ့အခွင့်အရေး ဆင့်ပွားသင်တန်းကို ၃.၅.၂၀၁၇ မှ ၇.၅.၂၀၁၇ အထိ၅ရက်ကြာ ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်သည်။ ညီမျှခြင်းမြန်မာ ၂၀၁၇ လူ့အခွင့်အရေးနည်းပြသင်တန်းဆင်း နည်းပြများမှ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ၂၀၁၇ ခုနှစ် မေလ ၃ ရက်မှ ၇ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။ သင်တန်းသားစုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြပြီး ကျား(၁၂) မ(၁၅) ဖြစ်သည်။ ရပ်ရွာလူကြီးများ နှင့် လူငယ်အများစုမှ တက်ရောက်ခဲ့ကြပြီး အများစုမှာ ပညာအရည်အချင်းအရ အထက်တန်းအဆင့်ရှိသူများ အများအပြားပါဝင်ခဲ့ကြသည်။ သင်တန်းမှာ မြိတ်မြိ့မှ တစ်နာရီခွဲခန့် သဘောၤစီးပြီးသွားရောက်ရသည့် မြို့လေးတစ်မြို့ပင်ဖြစ်သည်။

သင်တန်းသားများမှာလည်း သင်တန်း ၅ ရက်စလုံး မပျက်မကွက်တက်ရောက်ခဲ့ ကြပြီး သင်တန်းအချိန်မတိုင်မှီပင် ခန်းမသို့ များစွာရောက်ရှိနေကြပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်များဆွေးနွေးသည့် အချိန်များတွင်လည်း ရပ်ရွာ လူကြီးများနှင့် လူငယ်များသည် အပြန်အလှန်အင်တိုက်အားတိုက် ဆွေးနွေးခဲ့ကြလေးသည်။ မိမိတို့ကိုယ်တိုင် နည်းပြသင်တန်းတက်ရောက်ခဲ့ရပြီး ယခုကဲ့သို့သင်တန်းပြန်လည်ပေးရသည့်အခါတွင်လည်း သင်တန်းသား များ၏ တက်ကြွမှု၊ အချင်းချင်းရိုင်းပင်းကူညီမှု၊ ဆွေးနွေးမှုများအားကြည့်၍ပင် လွန်စွာအားရကျေနပ်မိခဲ့ပါသည်။ သင်တန်းသားများမှလည်းမိမိတို့၏ နားလည်သဘောပေါက်မှုများကို “ကျွန်တော်အနေနဲ့သိလိုက်ရတာ လူ့အခွင့်အရေးဆိုတာလူတိုင်းမှာရှိနေပြီးသား ကိုဘာလို့သင်တန်းတွေပေးနေရတာလဲလို့ပေါ့ အခုလိုသင်တန်း တက်လိုက်ရတော့ ကွဲကွဲပြားပြားသိရှိသွားလိုက်ရတယ်။ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေရ မှုတွေရှိနေတယ်။ လူ့အခွင့်အရေးဆိုတာ လူတစ်ဦးခြင်းကိုဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ရရှိခံစားနိုင်ခွင့်ရှိ သည့် ကိုသေချာရှင်းလင်းစွာသိရှိလိုက်တော့ တကယ်ကိုကျေနပ်အားရမိခဲ့တယ်” ဟုပြောကြားခဲ့ပါသည်။ ဆင့်ပွားအခြေခံလူ့အခွင့််အရေးသင်တန်းကိုဦးဆောင်ပံ့ပိုးဆွေးနွေးပေးခဲ့ကြသော နည်းပြများမှာ ကိုမင်းမင်းထွန်း၊ ကိုဥက္ကာစိုး၊ ကိုအာကာဦး တို့ပင်ဖြစ်သည်။