အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့

အရပ်ဘက်လူမှုအဖွဲ့အစည်း (၂၁၈) ဖွဲ့ မှ ထုတ်ပြန်သည်။ [ထပ်ဆင့်ဖြန့်ဝေပေးပါရန် နှိုးဆော်အပ်ပါသည်။]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဖေမြင့် ဦးဆောင်သည့် အကြီးတန်းခေါင်းဆောင်မှုသင်တန်း တက်ရောက်ရန် ခရီးစဉ် အတွက် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ရာမှအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မသမာသူတို့၏ အကြမ်းဖက်လုပ်ကြံမှုကြောင့် ၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အလ္လာဟ် ရှင်မြတ်၏အမိန့်ကို ခံယူသွားခဲ့ရပါသည်။

ဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်ရုံသာမက ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးအတွက် မဟာဗျုဟာအမြင်ရှိသူ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုအတွက် စံပြဦးဆောင်သူ၊ မြန်မာမွတ်စလင်များနှင့် ဘာသာမတူသူများအကြား အတူတကွ ပူးပေါင်းနေထိုင်ရေးအတွက် ပေါင်းကူးဆောင် ရွက်ပေးသူ၊ စစ်အာဏာရှင်အလိုကျ ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးကို အစဉ်တစိုက် ထောက်ပြနှိုးဆော်သူတစ်ဦးဖြစ်လေရာ မိမိတို့တိုင်းပြည်အတွက် အစားထိုးမရသော နိုင်ငံ့ သားကောင်း တစ်ဦးအား ဆုံးရှုံးရသည့် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးအဖြစ် ခံယူပါသည်။

ဤလုပ်ကြံမှုဖြစ်စဉ်ကို ကြည့်လျှင်လည်း ကြိုတင်ပြင်ဆင်မှုဖြင့် သေသေချာချာ စီမံဆောင်ရွက်သွား ခဲ့သည်ကို အထင်အရှားတွေ့ရသည်ဖြစ်ရာ လူတစ်ဦးတစ်ယောက်၏ အဓမ္မအကြမ်းဖက်ဆောင်ရွက်မှု သက်သက်မကဘဲ ဦးကိုနီ၏ နိုင်ငံရေးရပ်တည်ချက်နှင့် လုပ်ဆောင်မှုများကို မလိုလားသော အုပ်စုတစ်ခုခု၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်သည်ဟု သံသယဖြစ်ဖွယ်ရာရှိသည်။ ဤအဖြစ်အပျက်သည် အကြမ်းဖက်နည်းလမ်းဖြင့် မတရားနိုင်လိုမင်းထက်ပြုကျင့်မှုကို ဆက်လက်အသက်သွင်းလိုသော မင်းမဲ့စရိုက် ဆန်သည့် နိုင်ငံရေးလုပ်ကြံမှုသဏ္ဍာန်ဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး ပေါက်ကွဲမှုဖြစ်အောင် လှည့်စား သွေးထိုးသည့် ရည်ရွယ်ချက်လည်း ရှိနိုင်သည်ဟု မိမိတို့မှ သုံးသပ်သည်။ ဤနိုင်ငံရေးလုပ်ကြံမှုကြီးကို ဆောင်ရွက်သူ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို မိမိတို့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါသည်။

ခွင့်တူညီမျှဝါဒဖြူစင်သော ပြည်ထောင်စုနိုင်ငံဖြစ်ရန် အကန့်အသတ်များစွာ ရှိနေဆဲဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း လူထုအား အသိပညာပေးခဲ့သည့် ဦးကိုနီ၏ လုံ့လဝီရိယနှင့်တကွ မြန်မာပြည်နှင့် ပြည်ထောင်စုတိုင်းရင်းသားများအားလုံး၊ အဖိနှိပ်ခံများအားလုံးအပေါ် အသက်ပေး၍ ဆောင်ရွက်သွားခဲ့သည် များကို မိမိတို့နှလုံးသား၌သော်လည်းကောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီတော်လှန်ရေး သမိုင်းတွင် သော်လည်းကောင်း မော်ကွန်းတင် ကဗ္ဗည်းရေးထိုးသွားမည် ဖြစ်ပါသည်။

မိမိတို့အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် အောက်ပါအချက်များကို လေးနက်စွာတောင်းဆိုအပ်ပါသည်။

၁။ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့်ကိစ္စအား အမှုမှန်၊ အကြောင်းမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရမှ တိုက်ရိုက်တာဝန်ယူစုံစမ်းဖေါ်ထုတ်၍ တာဝန်အရှိဆုံးကြံစည်သူနှင့် ပါဝင်ပတ်သက် သူများအားလုံးကို အမြင့်ဆုံးပြစ်ဒဏ်ဖြင့် အရေးယူပေးရန်၊

၂။ လုပ်ကြံသတ်ဖြတ်သူအား ဖမ်းဆီးရမိပြီးနောက် တရားရုံးတင် စစ်ဆေးစီရင်ဆုံးဖြတ်မှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အများပြည်သူမှ သံသယကင်းကင်းဖြင့် သိရှိနိုင်အောင် အချိန်နှင့်တစ်ပြေး ညီ ပွင့်လင်းမြင်သာမှုရှိစွာ၊ မှန်ကန်စွာထုတ်ပြန်ပေးရန်၊

၃။ ကျန်ရစ်သူမိသားစုအား ကာကွယ်စောင့်ရှောက်၍ လူမှုဖူလုံရေးအကူအညီများ ပံံ့ပိုးပေးရန်၊

၄။ အကြမ်းဖက်မှု၊ တရားလက်လွတ်သတ်ဖြတ်မှုကို ရှုတ်ချကန့်ကွက်သည့်အနေဖြင့် နိုင်ငံတော်အစိုးရအနေ နှင့် ဤလုပ်ကြံမှုဖြစ်ပွားသည့်နေ့မှ တစ်လတိတိအား ဝမ်းနည်းဖွယ်ကာလအဖြစ် ကြေညာပေးရန်၊

၅။ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထု မှ ဤသို့အကြမ်းဖက်မှုကို လက်မခံကြောင်း၊ ရှုတ်ချကြောင်း ဖေါ်ပြကြရန် နှင့်

၆။ ဦးကိုနီအားလုပ်ကြံသော လူသတ်တရားခံအား ဖမ်းဆီးရာတွင် ကွယ်လွန်ခဲ့ရသည့် ဦးနေဝင်းအား ဂုဏ်ပြု လျက် ကျန်ရစ်သူမိသားစုအတွက် လူမှုဖူလုံရေးအကူအညီများကို အစိုးရက ဆောင်ရွက်ပေးရန်။

ဆက်သွယ်ရန် –
ဦးအောင်မျိုးမင်း – အီးမေးလ် myominburma@gmail.com ၊ ဖုန်း (+၉၅) ၀၉၄ ၄၈၀ ၁၅၃၀၆

သဉ္ဇာရွှန်းလဲ့ရည် – အီးမေးလ် thinzarshunleiyi@gmail.com ၊ ဖုန်း (+၉၅) ၀၉၇ ၉၅၅ ၇၄၇၇၅

တောင်းဆိုထောက်ခံသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ

၁။ ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ (Action Committee for Democracy Development)
၂။ လယ်သမားအရေးတက်ကြွလှုပ်ရှားသူများအင်အားစု (မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း ၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း) (Action Group for Farmer Affair)
၃။ ဧရာဝတီလူငယ်ကွန်ရက် (Ayerwaddy Youth Network)
၄။ ဒါန – ရှေ့ဆောင်မြန်မာ (Charity Oriented Myanmar)
၅။ လူငယ်နှင့်လူမူသဟဇာတဖြစ်ရေးစင်တာ (Center for Youth and Social Harmony)
၆။ ဒီမိုကရေပညာရေးဖွံ့ဖြိုးမှုအဖွဲ့(Democratic Education Institute)
၇။ ဖော်ထုတ်သိမြင်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက်သင့်နေရာ (Discovery & Development Corner)
၈။ ညီမျှခြင်းမြန်မာ (Equality Myanmar)
၉။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (Forum for Democracy in Burma)
၁၀။ လယ်သမားအလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူများအဖွဲ့ (Farmer and Labor Activists Group)
၁၁။ ဆာမူထော်အရပ်ဖက် လူမှုအထောက်အကူပြုအဖွဲ့ (တောင်ငူ-သံတောင်) ဇုံ (Hsar Mu Htaw)
၁၂။ လှိုင်သာယာလူငယ်ကွန်ရက် (Hlaingtharyar Youth Network)
၁၃။ ကမ္ဘောဇလူငယ်စာကြည့်တိုက် -တောင်ကြီး (Kan Baw Za Youth Library- Taunggyi)
၁၄။ ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group)
၁၅။ ကယားပြည်နယ်လုံးဆိုင်ရာလူငယ်ကွန်ရက် (Kayah State Youth Network)
၁၆။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ -ဧရာဝတီ (Myanmar Alliance for Transparency and Accountability – Ayeyarwaddy)
၁၇။ မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanmar Deaf Community Development Association)
၁၈။ မြန်မာ့အမျိုးသမီးသမဂ္ဂ ( Burmese Women’s Union)
၁၉။ အလင်းအိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Lighthouse Social Development Organization- Ayarwaddy)
၂၀။ မန္တလေး လူထုနေရာ (Mandalay Community Center)
၂၁။ မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (Metta Development Foundation)
၂၂။ မိုင်းပန်လူငယ်အဖွဲ့ (Mong Pan Youth Association)
၂၃။ မွန်ပြည်နယ်လူငယ်ကွန်ရက် (Mon State Youth Network)
၂၄။ မွတ်ဆလင်မ် အမျိုးသမီးများကောင်စီ ၊ မြန်မာပြည် (Muslim Women Council of Myanmar)
၂၅။ ခြေလှမ်းသစ်လူမှုကွန်ယက်
၂၆။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (Network for Democracy and Development)
၂၇။ ကဗျာချစ်သူများအသင်း (Poet Lovers Association)
၂၈။ ရှေ့ပြေးအသံ (Progressive Voice)
၂၉။ လူမှုမဟာမိတ်အဖွဲ့ (Social Alliances)
၃၀။ အသွင်သစ် ဆိုရှယ်လစ်ပါတီ-ဗမာပြည် (Socialist Alternative-Burma)
၃၁။ စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ကွန်ရက် (Sagaing Region Youth Network)
၃၂။ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးအလုပ်အဖွဲ့ (Shan State Peace Task Force)
၃၃။ ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ယက် (Southern Shan state Youth Network)
၃၄။ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ (Yaung Chi Oo Workers Association)
၃၅။ တနင်္သာရီလူငယ်ကွန်ရက် (Thaninthayi Youth Network)
၃၆။ အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက် (Upper Chindwin Youth Network)
၃၇။ အမျိုးသမီးနှင့်ငြိမ်းချမ်းရေးလှုပ်ရှားမူ ကွန်ယက်(ရှမ်းပြည်) (Women and Peace Action Network (Shan State)
၃၈။ ရန်ကုန်လူငယ်ကွန်ရက် (Yangon Youth Network)
၃၉။ ပေါင်းကူး (Paung Ku)
၄၀။ စိမ်းရောင်စို (တံတားဦး)
၄၁။ ခြေ လှမ်း သစ် လူမှု ကွန်ယက်
၄၂။ ဒို့မြန်မာ
၄၃။ ဒဂုံတက္ကသိုလ်ဆရာများ သမဂ္ဂ
၄၄။ ပန်းပျိုးလက်လူငယ်စင်တာ (လှိုင်သာယာ)
၄၅။ မွန်ပြည်နယ်အဖွဲ့(ရေးမြို့)
၄၆။ ဖန်တီးအိမ်
၄၇။ အလင်းစက်ဝန်း
၄၈။ ရွှေခြင်္သေ့ ရွှေဘို
၄၉။ လမ်းပြကြယ် ဖွံ့ဖြိုးရေးလူငယ်အဖွဲ့
၅၀။ လွတ်လပ်သောအရှိုချင်းများအင်အားစု
၅၁။ ရိုးမချင်းအဖွဲ့ (စေတုတ္တရာ)
၅၂။ ပညာရေးနှင့်လူမှုဘဝမြှင့်တင်ရေးပရဟိတအသင်း ( One Soul One Hope)
၅၃။ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့
၅၄။ AZURE Women Group
၅၅။ Ayeyarwady West Development Organization
၅၆။ Civil Authorize Negotiate Organization (C.A.N-Myanmar)
၅၇။ Capacity Building Initiative
၅၈။ COMREG Community Response Group
၅၉။ CSO Forum Coordination Working Committee
၆၀။ Charity Service for Friends (CSF)
၆၁။ Coexist
၆၂။ Democratic Education Corner
၆၃။ Diverze Youth Art Platform
၆၄။ Freethinkers
၆၅။ Farmer Right and Development Organization – Magway
၆၆။ Farmer Union – Magway
၆၇။ Gender and Development Institute (GDI)
၆၈။ Gender Equality Network
၆၉။ Green Network Sustainable Environment Group – Magway
၇၀။ Genuine People’s Servants
၇၁။ Human Rights Defenders – Myingyan
၇၂။ Human Rights Defenders Forum
၇၃။ Human Rights Educators Network
၇၄။ Human Rights Working Group – Myanmar
၇၅။ Hands of Unity Group – Magway
၇၆။ ISchool-Myanmar
၇၇။ Kachin Peace Network
၇၈။ Kings N Queens LGBT Organization
၇၉။ Kachin Women’s Association Thailand (KWAT)
၈၀။ Kachin Women Peace Network (KWPN)
၈၁။ Mwetaung Area Development Group (MADG)
၈၂။ ME – Community Development Center, Magway
၈၃။ Myanmar Deaf Society
၈၄။ Magway EITI Watch Group
၈၅။ Myanmar Muslim Youth Association (Kachin State)
၈၆။ Myaung Mya Youth Network
၈၇။ Muslim Youth Network –Myanmar
၈၈။ MasterPeace Myanmar Club
၈၉။ Myanmar Social Initiative Group (MSIG)
၉၀။ NEW DAY Society Development Network
၉၁။ National Network for Education Reform (NNER)
၉၂။ National Network for Education Reform – Yangon
၉၃။ National Youth Congress – Republic of the Union of Myanmar
၉၄။ Open Development Foundation (ODF)
၉၅။ Parents, Families and Friends of Lesbians and Gays – Myanmar (PFLAG-MYANMAR)
၉၆။ Pyi Gyi Khin
၉၇။ Peoples’ Network for Constitutional Reform
၉၈။ RainFall
၉၉။ Religions for Peace Myanmar
၁၀၀။ Research, Translation and Consultancy Cluster (RTCC)
၁၀၁။ Shalom (Nyein) Foundation
၁၀၂။ Smile Education and Development Foundation
၁၀၃။ Saytotetara Development Organization
၁၀၄။ Shwe Minn Tha Foundation(Myanmar)
၁၀၅။ Thabyay Education Foundation
၁၀၆။ Tampadipa Institute
၁၀၇။ Than Lwin Citizen Empowerment Program
၁၀၈။ The Seagull: Human Rights, Peace & Development
၁၀၉။ Triangle Women Support Group
၁၁၀။ Tavoyan Women’s Union
၁၁၁။ Thazi Youth Network
၁၁၂။ United Act
၁၁၃။ Women and Children Humanitarian Network (WCHN)
၁၁၄။ Women for Justice
၁၁၅။ Women’s Federation for Peace (WFFP)
၁၁၆။ White Maker Group
၁၁၇။ Wunpawng Ninghtoi (WPN)
၁၁၈။ Women’s Organization Network (WON)
၁၁၉။ Women Peace Network
၂၀၀။ Wumutti Women Organization
၂၀၁။ We Family – Yangon
၂၀၂။ We Family – Mandalay
၂၀၃။ Youth for a New Society (YNS)
၂၀၄။Youth for Social Change – Myanmar
၂၀၅။ Nyein Chan Yar – Mandalay
၂၀၆။ Association of Human Rights Defenders and Promoters (HRDP)
၂၀၇။ Muslim Youth Network – Bago
၂၀၈။ Peace and Justice (Civil Society)
၂၀၉။ Area Peace and Development Forward (APDF)
၂၁၀။ Mon State Youth Network
၂၁၁။ Local Development Network (Mon)
၂၁၂။ Mon State CCMM
၂၁၃။ MATA (Mon State)
၂၁၅။ Mon State CSOs’ Network
၂၁၆။ Karen Environmental and Social Action Network (KESAN)
၂၁၇။ Women’s League of Burma (WLB)
၂၁၈။ Farmers And Landworkers Union(Myanmar)