UPR အခန်း ကို ၂၀၁၁ ခုနှစ်မြန်မာနိုင်ငံ အစီရင်ခံစာများစုစည်းမှု

လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂယန္တယားထဲတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အဓိကအကျဆုံး အစိတ်အပိုင်း တခုဖြစ်သည်။ လူ့အခွင့်အရေးကောင်စီကို ၂၀၀၆ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ (၄၇) နိုင်ငံဖြင့် တည် ထောင်ခဲ့သည်။ ထိုအဖွဲ့ဝင်နိုင်ငံများကို အထွေထွေညီလာခံကခန့်အပ်ရွေးချယ်ခဲ့ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ ၂၀၀၇ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးတာဝန်ရှိမှုနှင့် တာဝန်ယူမှုတို့ကို လေ့လာသုံးသပ်သည့် လုပ်ထုံးလုပ်နည်းယန္တယားသစ်တခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။