UPR အခန်း ကို ၂၀၁၁ ခုနှစ်မြန်မာနိုင်ငံ အစီရင်ခံစာများစုစည်းမှု
လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂယန္တယားထဲတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အဓိကအကျဆုံး အစိတ်အပိုင်း တခုဖြစ်သည်။ လူ့အခွင့်အရေးကောင်စီကို ၂၀၀၆ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ (၄၇) နိုင်ငံဖြင့် တည် ထောင်ခဲ့သည်။ ထိုအဖွဲ့ဝင်နိုင်ငံများကို အထွေထွေညီလာခံကခန့်အပ်ရွေးချယ်ခဲ့ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ ၂၀၀၇ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးတာဝန်ရှိမှုနှင့် တာဝန်ယူမှုတို့ကို လေ့လာသုံးသပ်သည့် လုပ်ထုံးလုပ်နည်းယန္တယားသစ်တခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။