
လူ့အခွင့်အရေးနဲ့ ဥပဒေဆိုတာ ခွဲခြားမရအောင် ဆက်စပ်နေတဲ့အကြောင်းအရာနှစ်ခုဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ တရားဥပဒေရဲ့အကူအညီကို ရရှိခွင့်ရမယ်လို့ ဆိုထားသလို တရားဥပဒေရဲ့အကူအညီကို ရရှိခွင့်ဟာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ ရေးသားထား ကြပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအနေနဲ့ တရားဥပဒေအကူအညီနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရယူနိုင်အောင် ကြိုးပမ်းဖို့အတွက် မိမိတို့အနေနဲ့ အမြဲတိုက်တွန်း နိုးဆော်ခဲ့ပါတယ်။
