အာဆီယံ
အာဆီယံအသင်းမှာ အာဆီယံချာတာတွေ၊ လူ့အခွင့်အရေး ကော်မရှင်တွေ၊ အမျိုးသမီးနဲ့ကလေးများ အခွင့်အရေးဆိုင်ရာ ကော်မရှင်တွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ လူ့အခွင့်အရေး လှုံ့ဆော်နေတဲ့ သူတွေဟာ အာဆီယံအသင်းအပေါ် ပိုမိုစိတ်ဝင် စားလာပါပြီ၊ လက်ရှိအနေအထားအရ ပြည့်စုံကောင်းမွန်တဲ့ လုပ် ထုံးလုပ်နည်းတွေ မဖြစ်သေးပေမယ့် လူ့အခွင့်အရေး ယန္တရား တခုကတော့ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်၊ ဒီစာအုပ်ငယ်လေး ဟာ အာဆီယံအဖွဲ့အကြောင်းသာမကဘဲ အာဆီယံမှာရှိတဲ့ လူ့ အ ခွင့်အရေးကော်မရှင်၊ အမျိုးသမီးနဲ့ ကလေးများအခွင့်အရေး ဆိုင် ရာကော်မရှင်နဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ဗဟုသုတ တွေကို ရှင်းလင်းပြထားတာဖြစ်ပါတယ်၊ ဒီအချက်အလက်တွေ က မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးဆိုင် ရာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အနာဂတ်လှုံ့ ဆော်စည်း ရုံးရေးလုပ်ငန်းတွေကို အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါ တယ်။