ညီမျှခြင်းမြန်မာမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာကာလအတွင်းပြုလုပ်သွားမည့် သင်တန်းများအတွက် နည်းပြများနှင့် သင်တန်းများတောင်းခံနိုင် pdf

0
[featured_image]
  • Version 1
  • Download 59
  • File Size 528.39 KB
  • File Count 1
  • Create Date July 11, 2016
  • Last Updated July 11, 2016

ညီမျှခြင်းမြန်မာမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာကာလအတွင်းပြုလုပ်သွားမည့် သင်တန်းများအတွက် နည်းပြများနှင့် သင်တန်းများတောင်းခံနိုင် pdf

ညီမျှခြင်းမြန်မာမှ  ၂၀၁၆ ခုနှစ် လူ့အခွင့်အရေး ပညာပေးခြင်း သင်တန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လူ့အခွင့်အရေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကိုပို့ချပေး လျက်ရှိသည့်အပြင် မြန်မာပြည် တိုင်းနှင့်ပြည်နယ်အနှံ့မှ တောင်းဆိုလာသောသင်တန်းများကို ပို့ချပေးသွားရန်အတွက် အစီအစဉ်များစွာရှိသည်။ ထို့ကြောင့် သင်တန်းများနှင့် သင်တန်းနည်းပြများတောင်းခံလိုသောအဖွဲ့အစည်းများသည် မိမိတို့အဖွဲ့အစည်းနှင့် သက်ဆိုင်သော အကြောင်းအရာ၊ တောင်းခံလိုသည့် သင်တန်းခေါင်းစဉ်များကို တောင်းခံလွှာများတွင် ဖြည့်စွက်ပေးပို့ပြီး တောင်းခံနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

မှတ်ချက်။ ။ ပြင်ပသင်တန်းတောင်းခံလွာ Training Request တောင်းခံသူများအနေဖြင့် သင်တန်းအတွက် ကုန်ကျစရိတ်များဖြစ်သော နည်းပြများ သွားလာနေထိုင်မှုစရိတ်၊ သင်ထောက်ကူပစ္စည်း၊ သင်တန်းသားများ စားသောက်စရိတ်နှင့် သင်တန်းစီစဉ်မှုအတွက် ကုန်ကျငွေအချို့ကို Equality Myanmarမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး၊ သင်တန်းနည်းပြတောင်းခံလွာ Trainer Request များအတွက် နည်းပြများ၏ သွားလာစရိတ်နှင့် ဥာဏ်ပူဇော်ခများကို တောင်းခံသည့်အဖွဲ့ကအစည်းမှ တာဝန်ယူကျခံပေးရမည်ဖြစ်သည်။ သင်တန်းကိစ္စများအတွက် စုံစမ်းလိုပါက အောက်မြန်မာပြည်အတွက် ရန်ကုန်ရုံး ဖုန်း ၀၉၄၄၈၀၂၃၅၆၉ (သို့မဟုတ်) အီးမေးလ် info@equalitymyanmar.org သို့လည်းကောင်း အထက်မြန်မာပြည် သင်တန်းအစီအစဉ်များအတွက် မန္တလေးရုံး ဖုန်း ၀၉၄ ၀၂၇ ၆၉၀၁၇ (သို့မဟုတ်) အီးမေးလ် equalitymyanmar.mdy@gmail.comသို့တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Share.