အရပ်ဘက်အဖွဲ့အစည်းများနှင့်ကွန်ရက်များမှ နိုင်ငံတော်သမ္မတထံပေးစာ

0

သို့
ဦးထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

ရက်စွဲ။ ။စက်တင်ဘာလ ၂၈ ရက် ၂၀၁၆ ခုနှစ်။

လေးစားအပ်ပါသောနိုင်ငံတော်သမ္မတကြီးရှင့်/ခင်ဗျား။

အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့အရပ်ဘက်အဖွဲ့အစည်းများမှ စက်တင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အင်းဝ စက်ချုပ်ဆိုင်ပိုင်ရှင်များ၏ ညှင်းပန်းနှိပ်စက်ခံ အိမ်အကူ အမျိုးသမီးငယ် နှစ်ဦးဖြစ်သော မ် စန်းကေခိုင် နှင့် မ် သဇင် တို့နှင့် အမှုဖွင့်တိုင်ကြားခဲ့သူ Myanmar Now သတင်းထောက် ကိုဆွေဝင်း တို့ကို လုံခြုံရေး ယူပေးရန် လည်းကောင်း၊ လူ/ကယ်/ပြန်ဝန်ကြီးဌာနမှ အမျိုးသမီးငယ်နှစ်ဦး လုံခြုံစွာနေနိုင်ရေးနှင့် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့် အားပေးမှုများ လုပ်ဆောင်ရန်လည်းကောင်း ညွှန်ကြားချက်ထုတ်ခြင်းအပေါ် ထောက်ခံကြိုဆိုပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ကြမည်ဟု မိမိတို့မှ မျှော်လင့်ပါသည်။

ဤအိမ်အကူ အမျိုးသမီးငယ် နှစ်ဦး ကြုံတွေ့ရသော ခါးသီးလှသည့် ညှင်းပန်းနှိပ်စက် ခေတ်သစ် ကျွန်ုပြုခံရသောအမှုသည် ပြည်တွင်းရှိ ပြစ်မှုဆိုင်ရာဥပဒေများစွာနှင့် တိုက်ရိုက်အကြုံးဝင်သည်သာမက မိမိတို့နိုင်ငံမှ လိုက်နာ ကျင့်သုံးရန် တာဝန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ကိုပါ ချိုးဖောက်ခံရခြင်းဖြစ်ပါသည်။


ဤကဲ့သို့ ကြီးလေးသော ကျူးလွန်မှု တစ်ခုကို ပြည်သူလူထု၏အခွင့်အရေးများကို ကာကွယ်မြှင့်တင်ကာ တရားမျှတမှု ရှာဖွေဖော်ဆောင်ပေးရမည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လုပ်သင့်ဖြစ်သင့်သည့် တရားဥပဒေအရ အရေးယူ ဖြေရှင်းမှုကို မဆောင်ရွက်ဘဲ ငွေကြေးဖြင့်သာ ညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်းမှာ နိုင်ငံတော်အဆင့် လူ့အခွင့်အရေးဆိုင်ရာ အဆောက်အအုံ တစ်ခုအနေဖြင့် ဥပဒေအရသာမက ကော်မရှင်တွင် တာဝန်ယူနေသူ လူပုဂ္ဂိုလ် တစ်ဦးချင်းအရပါ လူ့အခွင့်အရေးဆိုင်ရာ စွမ်းဆောင်နိုင်စွမ်း မရှိနေသည်ကို အထင်အရှား ပေါ်လွင်စေ သည်ဟု မိမိတို့မှ သုံးသပ်ပါသည်။


တစ်ချိန်တည်းမှာပင် အခြေခံပြည်သူလူထု၏ဘဝ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ဘဝများမှာ သက်ငယ်မုဒိန်းအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လူကုန်ကူးနှင့် ခေတ်သစ်ကျွန်ပြုခံရမှုများ အပါအဝင် ပုံသဏ္ဍာန်မျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများ ကြုံတွေ့နေရသည့်အပြင် တရားဥပဒေ၏ ကာကွယ် စောင့်ရှောက်မှု ကိုလည်း ရယူနိုင်ခြင်းမရှိသော အခြေအနေ အကြောင်းတရားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် မိမိတို့နိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ အခြေအနေကောင်း ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးနေသည်ဟု သုံးသပ်ပါသည်။


ချိုးဖောက်ခံပြည်သူလူထု၏ လူ့ဂုဏ်သိက္ခာ နှင့် တရားမျှတမှုဖော်ဆောင်ရေး၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နှင့် ဥပဒေအထောက်အကူဆိုင်ရာ အကူအညီများအပါအဝင် အရေးပေါ် တုန့်ပြန်ဖြေရှင်းပေးခြင်းနှင့် တစ်ချိန်တည်းမှာပင် ရေရှည်အနာဂတ်တွင် ပြည်သူ့တို့၏ လူသားဘဝ လုံခြုံရေး၊ ၎င်းတို့အခွင့်အရေးများကို မှန်ကန်ထိရောက်သော ကာကွယ်စောင့်ရှောက်မှုနှင့် တရားမျှတမှုခံစားခွင့်ရရေးတို့အတွက် အခြေခံ လိုအပ်ချက်များဖြစ်သော မူဝါဒ၊ ဥပဒေနှင့် အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ထိရောက်စွာ လုပ်ဆောင်ရန် အသင့်တော်ဆုံးအချိန်လည်းဖြစ်သည်ဟု မိမိတို့မှ ယုံကြည်မိပါသည်။


သို့ဖြစ်ပါ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဆောင်သော ပြည်သူ့ အစိုးရအနေဖြင့် ပြည်သူ့ဘဝ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ လုံခြုံစေရေးနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ရေး တို့အတွက် အောက်ပါ အရေးပေါ် နိုင်ငံတော်အဆင့် လုပ်ဆောင်ချက်များအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် လေးစားစွာအဆိုပြု အပ်ပါသည်။
(
)ြ မန်မိာု နိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အား အနိမ့်ဆုံ့း် ရှိသင့်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများ
(
ပါရီအခြေခံမူများ) နှင့်အညီ ကော်မရှင်အဖွဲ့ဝင်သစ်မျာ်း ရွေးချယ်ခန့် အပ်ခြင်းအပါအဝင် ကော်မရှင်ဖြစ်တည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲ၍ ပြန်လည်ဖွဲ့စည်းခြင်း။

()ြ ပည်သူလူထု၏အခြေခံလူ့ အခွင့်အရေးမျာ့း် အထူးသဖြင့် အမျိုး သမီးများနှင့် ကလေး သူငယ်များအားကာကွယ် စောင့်ရှောက်မှုပေးမည့် ပွင့်လင်းမြင်သာ၍ ပြည့်စုံခြုံ ငုံမှု ရှိသော့် နိုင်ငံတော်အဆင့်လူ့ အခွင့်အရေးဆိုင်ရာလုပ်ငန်းစဉ်စီမံကိန်း တစ်ရပ် ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်း။

() မြန်မာနိုင်ငံမှ လိုက်နာအကောင်အထည်ဖော်ရန် လက်မှတ်ထိုး ကတိကဝတ်ပြု ထားသော CEDAW နှင့် CRC စာချု ပ်ပါ အချက်များနှင့်အညီ အိမ်အကူအမျိုး သမီးများအား ကာကွယ်စောင့်ရှောက်မှု အပါအဝင် အမျိုး သမီးနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ေ ရှာက်ရေး ဥပဒေသစ်တစ်ရပ်ကို အမြန်ဆုံးပြဌာန်းနှင့် အသက်ဝင်စေခြင်း နှင့် တရားရေးနှင့်ရဲ ဘက်ဆိုင်ရာ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ အာဏာပိုင်များအား ထိရောက်စွာ
အကောင်အထည်ဖော်စေခြင်း။
ပြည်သူ့အစိုးရအနေဖြင့် ဤအရေးပေါ် နိုင်ငံတော်အဆင့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း အဆိုပြုပါသည်။


လေးစားစွာဖြင့်
အရပ်ဘက်အဖွဲ့ အစည်းများ/ကွန်ရက်များ


တွဲလျက် နိုင်ငံတော်သမ္မတကြီးထံသို့ အကြံပြုတိုက်တွန်းလွှာအား ထောက်ခံအားပေးသည့်
အရပ်ဘက်အဖွဲ့ အစည်း/ကွန်ရက်များစာရင်း
အဖွဲ့ အစည်း/ကွန်ရက်အမည် စဉ် အဖွဲ့ အစည်း/ကွန်ရက် အမည်

အပြည့်အစုံကိုအောက်ပါ PDF ဖိုင်ဖြင့်ရယူနိုင်ပါသည်။

Share.