စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးထောက်ပံ့မှု အခြေခံလက်စွဲ

0

စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS) မူဘောင်များကို ရှေ့တန်းမှ လူ့အခွင့် အရေးကာကွယ်သူများအတွက် ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိစေရန်၊ စိတ်ဒဏ်ရာကို ကုစားပေးနိုင်ရန်နှင့် လက်တွေ့အသုံးချနိုင်ရန်အတွက် မူကြမ်းရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် သေချာစေရန် ဆောင်ရွက် ခြင်းတို့တွင် မမောမပန်း ကြိုးပမ်းအားထုတ်ခဲ့ကြသည့် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပံ့ပိုးကူညီသူများ အားလုံးကို Equality Myanmar (EQMM) မှ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုကျေးဇူးတင်အပ်ပါသည်။

စံနှုန်းညီညွတ်သည့် MHPSS မူဘောင်တစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် ပူးပေါင်းပါဝင်ခြင်း၊ ရန်ပုံငွေ ပံ့ပိုးခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကူညီပံ့ပိုးမှုများဖြင့် လက်တွေ့အကောင်အထည်ဖော်ပေးခဲ့ကြ သော နိုင်ငံတကာ အလှူရှင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

နောက်ဆုံးအနေဖြင့်၊ ကွင်းဆင်းဆောင်ရွက်နေကြသော လူထုကျန်းမာရေးဝန်ထမ်းများ၊ အကြံပေးဆွေးနွေး သူများနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို အလွန်အမင်း ကျေးဇူးတင်ရှိပါသည်။

ဤ MHPSS လက်စွဲစာအုပ်သည် လက်ရှိအခြေအနေနှင့်အညီ အမြဲမပြတ် မွမ်းမံပြင်ဆင်သွားမည့် စာတမ်း တစ်စောင်ဖြစ်ပြီး၊ ကွင်းဆင်းစမ်းသပ်မှုများနှင့် စုပေါင်းအကြံပြုချက်များမှတစ်ဆင့် ဆက်လက်ပြုပြင်မွမ်းမံ သွားမည်ဖြစ်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အရေးပါသော ကိရိယာတစ်ခုအဖြစ် အသုံးဝင်စေမည် ဖြစ်ပါသည်။

Share.

About Author