Child Protection Policy

0

၁။ မူဝါဒဆိုင်ရာ ဖော်ပြချက်
ကုလသမဂ္ဂ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ကလေးငယ်များတွင် အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ လျစ်လျူရှုမှု နှင့် အလွဲသုံးမှု အမျိုးမျိုးတို့မှ အကာအကွယ်ပေးမှုများ ရရှိပိုင်ခွင့်ရှိသည်ဟု အသိအမှတ်ပြုထားပါသည်။ ထို့ကြောင့် ကလေးသူငယ်များ၊ လူငယ်လူရွယ်များနှင့် ထိတွေ့ဆက်ဆံနေသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအနေဖြင့် ကလေးသူငယ်များပါဝင်သည့် လုပ်ငန်းအစီအစဉ်အမျိုးမျိုးတွင် ကလေးများကို အကာအကွယ်ပေးပြီး အန္တရာယ် မဖြစ်စေရအောင် လုပ်ဆောင်ရပါမည်။
Equality Myanmar (EQMM)သည် ကလေးသူငယ်များအတွက် လုံခြုံမှုရှိစေသော အဖွဲ့အစည်းဖြစ်သည်။ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အရ ကလေးသူငယ်တိုင်းသည် ညှဉ်းပမ်းနှိပ်စက်မှု၊ လျစ်လျှူရှုမှု၊ ခေါင်းပုံဖြတ် မှု နှင့် ခွဲခြားဆက်ဆံမှုပုံစံမျိုးစုံမှ ကင်းလွတ်ခွင့်ရှိသည်ဟု EQMM က ယုံကြည်ပါသည်။

အပြည့်အစုံရယူရန်

Share.