နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ်

0

International Covenant on Economic, Social and Cultural Rights (ICESCR)

“နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ်”ကို အများပြည်သူ လွယ်ကူစွာ သိရှိနားလည်စေရန်၊ ပညာပေးလုပ်ငန်းများအတွက် အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်ပြီး ပိုစတာ ကာတွန်းလေးဖြင့် ညီမျှခြင်းမြန်မာအဖွဲ့မှ Kingdom of the Netherlands ၏ ရံပုံငွေအကူအညီဖြင့် ထုတ်ဝေလိုက်ပါသည်။

ထိုစာချုပ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR)၏ စည်းနှောင်မှုအား မရှိသည့် အပေါ်တချို့နိုင်ငံများ၏ ထောက်ြ ပခြင်းကြောင့် နိုင်ငံအစိုးရများမှ လူ့အခွင့်အရေး အယူအဆ အချက်အလိုက် သဘောတူလိုက်နာဆောင်ရွက်လာနိုင်စေရန် ထပ်ဆင့်ဖြစ်ပေါ်လာသော ပင်မစာချုပ်နှစ်ခု အနက် စာချုပ်တခု ဖြစ်သည်။

နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ် (ICESCR)သည် ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် – ၂၂၀၀ အေ (၂၁) အရ အတည်ပြုခဲ့ပြီး ပါဝင်လက်မှတ်ရေးထိုးခြင်း၊ အပြီးသတ်အတည်ပြုခြင်းနှင့် နောက်မှ ပါဝင်ချုပ်ဆိုခြင်း များပြုခဲ့ပြီး စာချုပ်အပိုဒ် – ၂၇ ပါပြဌာန်းချက်နှင့်အညီ ၁၉၇၆ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ တရားဝင်အတည် ဖြစ်ခဲ့ ပါသည်။

ထိုစာချုပ်ကို မြန်မာနိုင်ငံအစိုးရမှ ၆ ရက်၊ အောက်တိုဘာလ၊ ၂၀၁၇ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ ပါသည်။

ညီမျှခြင်းမြန်မာအဖွဲ့သည် လူ့အခွင့်အရေး ပညာပေးခြင်းလုပ်ငန်းများကို အစဉ်တစိုက်လုပ်ဆောင်နေသော အဖွဲ့ဖြစ်ပြီး၊ အသိပညာပေး လက်ကမ်းစာစောင်၊ စာအုပ်၊ ပိုစတာ၊ ပညာပေးသီချင်း၊ ပြဇာတ်၊ ကာတွန်း၊လူ့အခွင့်အရေးပညာပေးအခွေ များကိုထုတ်လုပ်ပြီး အများပြည်သူအား အခမဲ့ ဖြန့်ဝေခြင်းများလည်း လုပ်ဆောင်လျှက်ရှိပါသည်။

Share.